
ဖနောင်ပင် ဇန်နဝါရီ ၂၇
“ဘေးကင်းလုံခြုံစိတ်ချလို့ အစိမ်းရောင် ခရီးသွားပန်းတိုင် ကမ္ဘောဒီးယားသို့” အမည် ပေးထားသော လှုပ်ရှားမှုတစ်ခုကို ကိုဗစ်-၁၉ ဒဏ်ခံခရီးသွားကဏ္ဍပြန်လည်ရှင်သန်လာစေရန် ရည်ရွယ်ပြီး ဇန်နဝါရီ ၂၇ ရက်က စတင်ခဲ့ ကြောင်း ခရီးသွားလာရေးဝန်ကြီး သွန်ခွန်က ပြောကြားလိုက်သည်။
ဗီဒီယိုမျက်နှာစုံညီ ဆွေးနွေးပွဲမှတစ်ဆင့် ကျင်းပခဲ့သော အဆိုပါဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ခွန်က လွန်ခဲ့သော နှစ်နှစ်အတွင်း ခရီးသွားကဏ္ဍ စီးပွားရေး လုပ်ငန်းများ ပိတ်ထားခဲ့ရပြီး အလုပ်သမား ထောင်သောင်းချီ အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရ ကြောင်း ပြောကြားခဲ့သည်။
ယခုလှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံခြားခရီးသွားများကိုဆွဲဆောင်ရန် နည်း ဗျူဟာတစ်ခုဖြစ်သကဲ့သို့ အရှေ့တောင်အာရှ နိုင်ငံများမှ ခရီးသွားများကို ကမ္ဘောဒီးယား နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခြင်း ပင်ဖြစ်ကြောင်း ခွန်က ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝ ထိုးထားသည့် နိုင်ငံခြားသားများကို ကွာရန် တင်းဝင်ရန်ပင်မလိုဘဲ ကမ္ဘောဒီးယားက ကြိုဆိုလက်ခံလျက်ရှိကြောင်း ဝန်ကြီးက ဆက်လက်ပြောသည်။ ခရီးသွားကဏ္ဍနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများကို လည်း ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ထိရောက်သော လုပ်ထုံးလုပ်နည်းများနှင့် အကောင်အထည်ဖော်ရန် အကြံပေးထား သည်။
ခရီးသွားကဏ္ဍသည် နိုင်ငံစီးပွားရေးကို ထောက်ပံ့ပေးနေသော အဓိကထောက်တိုင် ကြီးလေးခုအနက် တစ်ခုဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၉ ခုနှစ်က နိုင်ငံ တကာ ခရီးသွား ၆ ဒသမ ၆၁ သန်းလက်ခံခဲ့ပြီး အကြမ်းဖျင်းအခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၂ ဘီလီယံရရှိခဲ့သည်။
သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ နိုင်ငံခြားသားခရီးသွား ၁၆၃၃၆၆ ဦးသာ ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အလားတူ ကာလထက် များစွာလျော့နည်းကျဆင်းခဲ့ သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်သုံးနေရာကြောင့် ကျော်ကြား လျက်ရှိရာ အဆိုပါနေရာများမှာ အန်ကော ဝပ်ရှေးဟောင်းယဉ်ကျေးမှု ပန်းခြံ၊ ပရိဗီဟာ ဘုရားကျောင်းနှင့် ဆမ်ဘာပရိကွက်ခ် ရှေးဟောင်းယဉ်ကျေးမှုဒေသတို့ ဖြစ်ကြသည်။
ဆင်ဟွာ