ကိုဗစ် -၁၉ စည်းကမ်းချက်များ ဖြေလျှော့ပေးပြီးနောက် ဒိန်းမတ်နိုင်ငံတွင် ကိုဗစ် -၁၉ကူးစက်မှုများလျော့ကျလာ

နှင်းမိုးအိမ် ယခုနှစ်အစောပိုင်းကာလအတွင်း ကိုဗစ် - ၁၉ ကူးစက်မှုများမှာ စံချိန်တင်မြင့်မားလာသည်ကို ဒိန်းမတ်ခေါင်းဆောင်များ တွေ့ရှိခဲ့သည်။ ထိုစဉ် ကန့်သတ်မှုများကို တင်းကျပ်ရမည့်အစား ဖြေလျှော့ပေးမှုများကိုသာ ပြုလုပ်ခဲ့သည်။ အခြေအနေများပြန်လည်တည်ငြိမ်လာ သီတင်းသုံးပတ်ကြာပြီးနောက် အခြေအနေ များမှာ ပြန်လည်တည်ငြိမ်လာခဲ့သည်။ ကိုဗစ်- ၁၉ ကြောင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူရသူ အရေအတွက်မှာလည်း တည်ငြိမ် လာခဲ့သည်။ ဖေဖော်ဝါရီလတစ်လျှောက်လုံး ကိုဗစ်- ၁၉ ကူးစက်မှုများမှာ တဖြည်းဖြည်း လျော့ကျလာခဲ့သည်။ ဒိန်းမတ်နိုင်ငံသည် ဥရောပ တွင် ပထမဆုံး ကိုဗစ်- ၁၉ ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည့် နိုင်ငံဖြစ်သည်။ ဒိန်းမတ် နိုင်ငံတွင် အဆောက်အအုံအတွင်း ပါးစပ်၊ နှာခေါင်း စည်းတပ်ဆင်စရာမလိုသကဲ့သို့ လူစုလူဝေး အတွက် လူဦးရေကန့်သတ်ချက်လည်း မရှိချေ။ စတင်ပြောင်းလဲခဲ့ စည်းကမ်းချက်များကို ဖေဖော်ဝါရီ ၁ ရက် တွင် စတင်ပြောင်းလဲခဲ့သည်။ တိုင်းပြည် အတွင်း လူဦးရေ ၅ ဒသမ ၈ သန်း ရှိသည့်အနက် ကိုဗစ်- ၁၉ နေ့စဉ်ကူးစက်မှုနှုန်းမှာ ၅၀၀၀၀ ဝန်းကျင်ရှိခဲ့သည်။ ကိုပေဟေဂင်မြို့ရှိ ပြည်သူ များမှာ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရန် မလို အပ်တော့ချေ။ ယင်းဆုံးဖြတ်ချက်ကြောင့် ကမ္ဘာအနှံ့ရှိလူများ ကို အံ့အားသင့်စေခဲ့သည်။ ဖေဖော်ဝါရီလ‌နှောင်း ပိုင်းတွင် နေ့စဉ် ကူးစက်ခံရမှုနှုန်းမှာ ၃၀၀၀၀ ဝန်းကျင်တွင်ရှိခဲ့သည်။ ဖေဖော်ဝါရီလအစောပိုင်း နှင့် နှိုင်းယှဉ်လျှင် နေ့စဉ်ကူးစက်မှုမှာ ၅၀ ရာခိုင် နှုန်းနီးပါး ကျဆင်းသွားခြင်း ဖြစ်သည်။ ဥရောပတွင် ကာကွယ်ဆေးထိုးပေးနိုင်မှု အမြင့်ဆုံးနိုင်ငံထဲမှ တစ်ခုဖြစ် သို့သော်လည်း ဆေးစစ်ပေးနိုင်မှုကျဆင်း လာခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဒိန်းမတ် နိုင်ငံသည် ဥရောပတွင် ကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးပေးနိုင်မှု အမြင့်ဆုံးနိုင်ငံထဲမှ တစ်ခုဖြစ် သည်။ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ အနည်းဆုံး ကိုဗစ် -၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး ဖြစ်သည်။ သက်ကြီးရွယ်အိုများအတွက် ကာကွယ်ဆေး ထိုးပေးနိုင်မှုမှာ အမြင့်ဆုံးဖြစ်ပြီး သက်ကြီးရွယ်အို ၉၀ ရာခိုင်နှုန်းမှာ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးပြီး ဖြစ်သည်။ ကိုဗစ် -၁၉ ဗီဇပြောင်းကူးစက်မှုမှာ တိုင်းပြည်အတွင်း ပျံ့နှံ့လာသော်လည်း ရောဂါပြင်း ထန်မှု နည်းပါးသည်။ ကျဆင်းလာ ကူးစက်မှုများပြားပြီးနောက်မကြာမီ အထူး ကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေရသူ ဦးရေ မှာလည်း ကျဆင်းလာခဲ့သည်။ ယင်းအတွက်ကြောင့် လည်း ကိုဗစ် -၁၉ သည် လူမှုရေးအရ စိုးရိမ်စရာ မလိုသည့် ရောဂါအဖြစ် အစိုးရက ဆုံးဖြတ်ခဲ့သည်။ ဒိန်းမတ်နိုင်ငံ၏ ဥပဒေအောက်တွင် ဗိုင်းရပ်စ်မှာ လူမှုအဖွဲ့အစည်းကို ခြိမ်းခြောက်နိုင်သည်ဟု ဆုံးဖြတ်မှသာလျှင် အစိုးရကကန့်သတ်မှုများကို ချမှတ်နိုင်သည်။ လူမှုအဖွဲ့အစည်းကိုခြိမ်းခြောက် နိုင်သည့်အရာအဖြစ် ထပ်မံ၍ သတ်မှတ်တော့မည် မဟုတ်ဟု စတိတ်တန်စီရမ်အင်စတီကျုမှ စီအီးအို ဟင်းနရစ်ခ် အူလမ်က ပြောသည်။ ပြည်သူများသဘောတူ ဒိန်းမတ်ပြည်သူများသည်လည်း ကန့်သတ် ချက်များကို ပယ်ဖျက်ပေးသည့်အစီအစဉ်ကို သဘောတူကြသည်။ လူပေါင်း ၁၀၀၀ ကို စစ်တမ်း ကောက်ယူကြည့်ရာ ၂၈ ရာခိုင်နှုန်းမှာ အရွှေ့ အပြောင်းကို စိုးရိမ်ကြပြီး ၆၀ ရာခိုင်နှုန်းမှာမူ လုံခြုံစိတ်ချရမှုရှိသည်ဟု ဖြေကြေားကြသည်။ အင်န်အိတ်ချ်ကေမှ မေးမြန်းကြည့်သည့် လူအများစုမှာမူ အစိုးရ၏ချဉ်းကပ်မှုကိုသဘောတူသည်ဟု ပြောကြသည်။ ယခုအချိန်အထိ မှန်ကန် သည့်လုပ်ရပ်များကိုလုပ်ကိုင်နေသည်ဟု ထင်မြင် ကြောင်းနှင့် အစိုးရအပေါ်တွင် ယုံကြည်မှုအပြည့် အဝရှိကြောင်း ဂရက်ဖစ် ပရိုဂမ်ရေးဆွဲသူ မစ်ကယ် က ပြောသည်။ ကိုပေဟေဂင်မြို့ရှိ အပြည်ပြည်ဆိုင်ရာကျောင်း မှ ဒါရိုက်တာ ဆန်ဒီ မက်ကန်ဇီ က ၎င်းတို့ကျောင်းရှိ ကျောင်းသားနှင့်ဝန်ထမ်း ၄၀၀ နီးပါးမှာ ကိုဗစ် - ၁၉ ကူးစက်ခံထားရကြောင်း၊ ယင်းအရေအတွက်မှာ ကျောင်းရှိလူဦးရေ၏ သုံးပုံ တစ်ပုံဖြစ်ကြောင်း ၎င်းက ပြောသည်။ လျင်မြန်စွာပြန်လည်ကျန်းမာ သို့သော်လည်း ကာကွယ်ဆေးထိုးပေးနိုင်မှု မြင့်မားသည့်အတွက် ကောင်းမွန်သည့် အကျိုးရ လဒ်များကို ခံစားရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ကျောင်းရှိ ရောဂါကူးစက်ခံရ သူများမှာ လျင်မြန်စွာ ပြန်လည်ကျန်းမာလာပြီး အပျော့စား ရောဂါလက္ခဏာများကိုသာ ပြသ ကြောင်း ၎င်းကပြောသည်။ ဒိန်းမတ်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက် မှုစနစ်မှာလည်း ကောင်းမွန်ပြီး ဆေးစစ်ပေးမှု များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးနိုင် ခြင်းနှင့် အဖြေကို လျင်လျင်မြန်မြန် ထုတ်ပေးနိုင် ခြင်းတို့ ပြုလုပ်နိုင်သည်။ ပြီးခဲ့သည့်နှစ်အတွင်း မစ်ကယ်တို့မိသားစုဝင် လေးဦးစလုံးမှာ ကိုဗစ် - ၁၉ ဆေးစစ်မှု အကြိမ် အရေအတွက် ၁၈၀ ဝန်းကျင်အထိ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။ ဒိန်းမတ်နိုင်ငံတွင် ကျန်ရှိနေသည့် ကိုဗစ် -၁၉ စည်းကမ်းသတ်မှတ်ချက်တစ်ခုမှာ သက်ကြီး စောင့်ရှောက်ရေးဂေဟာများတွင် နေထိုင်ကြ သည့် ဝန်ထမ်းများမှာ တစ်ပတ်လျှင် တစ်ကြိမ် ပီစီအာဆေးစစ်မှုကို လုပ်ဆောင်ရမည်ဖြစ်ပြီး လာရောက်လည်ပတ်သူများမှာလည်း ကိုဗစ် - ၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ်ပြသနိုင်ရမည် ဖြစ်သည်။ ကိုဗစ် -၁၉ကန့်သတ်ချက်များကို ဖြေလျှော့ လိုက်ခြင်းသည် အဆိုပါရောဂါ၏ ခြိမ်းခြောက်မှု ကို မတုံ့ပြန်နိုင်ခြင်းမဟုတ်ဟု ဒိန်းမတ်အာဏာ ပိုင်များက ပြောသည်။ အကယ်၍ ပိုမိုကူးစက်မှု မြန်ဆန်သည့်မျိုးကွဲ သို့မဟုတ် ပိုမိုအန္တရာယ် ပေးနိုင်သည့် ဗီဇပြောင်းပေါ်လာလျှင်လည်း ၎င်းတို့ကောင်းကောင်း တုံ့ပြန်သွားနိုင်သည်ဟု အူလမ်က ပြောသည်။ စောင့်ကြည့်နေကြ ကန့်သတ်မှုများ ဖြေလျှော့ပေးခြင်းနှင့် ပတ်သက်၍ ဖိအားများတိုးလာနေစဉ် ဒိန်းမတ် နိုင်ငံ၏ မူဝါဒမှာ အလုပ်ဖြစ် မဖြစ်ကို နိုင်ငံ အများအပြားမှ အစိုးရများက စောင့်ကြည့်နေ ကြသည်။ ကိုးကား -အင်န်အိတ်ချ်ကေ