ကိုဗစ် - ၁၉ ဗီဇပြောင်း မျိုးကွဲကြောင့် ထပ်မံလှုပ်ခတ်လာတဲ့ နောက်ထပ် ကိုဗစ် - ၁၉ လှိုင်းဂယက်

 

ထွန်းကျော် 
 

လတ်တလောမှာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲကြောင့်  ကမ္ဘာ့နိုင်ငံ တစ်ဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဗီဇပြောင်းမျိုးကွဲကူးစက်ဖြစ်ပွားမှုဟာ အမေရိကန်မှသည် ဥရောပ ထိုမှတစ်ဖန် အာရှ၊ အရှေ့တောင်အာရှအထိ လွှမ်းမိုးလာခဲ့တာဖြစ်ပါ တယ်။ 


စင်ကာပူနိုင်ငံမှာ  ကိုဗစ်-၁၉   ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုတွေ အထွတ်အထိပ်ကိုရောက်လာတဲ့အတွက် စင်ကာပူနိုင်ငံရဲ့ ဆေးခန်း တွေဟာ နောက်ထပ် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု တစ်ရှိန်ထိုး မြင့်တက်လာတဲ့အပေါ်    ပြင်ဆင်မှုတွေလုပ်ဆောင်နေကြပြီဖြစ်ပါ တယ်။  အသက်ရှူလမ်းကြောင်းဆိုင်ရာ  ကူးစက်ရောဂါဖြစ်ပွားတဲ့ လူနာတွေ မြင့်တက်လာတာကို Healthway Medical နဲ့ OneCare Medical   အဖွဲ့တွေဟာ    မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြပါတယ်။ သို့သော်လည်း ဒါတွေဟာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလမှာ အနည်းငယ် ကျဆင်းခဲ့ပြီးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတော့ စင်ကာပူနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲတွေကို တွေ့ရှိခဲ့ ကြပါတယ်။ 


ဆေးဝါးထောက်ပံ့မှုတွေကို ပိုပြီးထောက်ပံ့ဖို့ စီစဉ်ထား


နိုင်ငံတွင်းမှာရှိတဲ့   သက်ဆိုင်ရာဆေးခန်းတွေမှာ   ကိုဗစ်-၁၉ ကူးစက်မှုတွေများလာတယ်လို့   ဆရာဝန်တွေက  သတိပေးထားပါ တယ်။ ရှေ့လာမယ့်လတွေမှာ နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာမယ့်အပေါ်  လူ့စွမ်းအားအရင်းအမြစ်တွေနဲ့  ဆေးဝါး ထောက်ပံ့မှုတွေကို ပိုပြီးထောက်ပံ့ဖို့ စီစဉ်ထားကြပါတယ်။ 


လတ်တလော   နိုင်ငံတစ်ဝန်းမှာရှိတဲ့  Healthway Medical ဆေးခန်းပေါင်း ၅၇ ခန်းကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ဖြစ်ပွားလို့ လာပြတဲ့လူနာအရေအတွက်ဟာ တစ်နေ့ကို ၅၀ မှ ၆၀ လောက်အထိ ရှိပါတယ်။ ‌ဒါဟာ ပုံမှန်လူနာထက် ၁၀ ရာခိုင်နှုန်းများ လာတဲ့သဘောဖြစ်ပါတယ်။


 မျှော်လင့်သလောက်ဆိုးလာမယ့်သဘောမဟုတ်


စင်ကာပူနိုင်ငံ OneCare Medical အဖွဲ့အစည်းက  နိုင်ငံတစ်ဝန်း မှာရှိတဲ့ သူ့ရဲ့ဆေးခန်း ၃၈ ခန်းမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတဲ့ လူနာအရေအတွက်ဟာ ပုံမှန်အခြေအနေမှာရှိတယ်လို့ ဆိုပြန်ပါတယ်။ ဒါဟာ   ရှေ့လာမယ့်ရာသီမှာ  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုဟာ မျှော်လင့်သလောက်တော့ ဆိုးလာမယ်ဆိုတဲ့သဘော  မဟုတ်ဘူး ဆိုတာကို တွေ့ရပါတယ်။ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အသစ်တွေ့ရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲတွေဟာ ပြည်သူ့ကျန်းမာရေးကို ထိခိုက်မှုအန္တရာယ်ဖြစ်နိုင်ခြေနည်းပါးတယ်လို့ သိရပါတယ်။  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲပိုးဟာ ကူးစက်ပျံ့နှံ့မှုမြန်သော်လည်း ရောဂါ ပြင်းထန်ခြင်းမရှိပါဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆက်လက် ဖော်ပြထားပါတယ်။ 
စင်ကာပူနိုင်ငံမှာ လတ်တလောတွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲကတော့ Omicron JN.1 နဲ့ EG.5.1.8 မျိုးကွဲတွေပဲဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲတွေကတော့ SARS-CoV-2 အိုမီခရွန် မျိုးကွဲတွေပဲဖြစ်ပါတယ်။


ကူးစက်မှုလျော့ကျပြီးမှ အတက်ဘက်ရောက်လာ 


စထရိတ်တိုင်းမ်ရဲ့ဖော်ပြချက်အရတော့ ဒီဇင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၃၀ ရက်ကြားမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတဲ့ လူနာအရေ အတွက်ဟာ ၄၉၆ ဦးရှိပြီးတော့ ဒီဇင်ဘာ ၂၄ ရက်ရဲ့ ရှေ့ပိုင်းသီတင်းပတ် မှာတော့ ဆေးရုံတက်ရောက်ခဲ့တဲ့လူနာအရေအတွက်ဟာ ၈၆၄ ဦး ရှိပါတယ်။ ဒီဇင်ဘာလရဲ့  တတိယသီတင်းပတ်မှာ  ၂၃ ဦး အထူး ကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူရတာနဲ့ နှိုင်းယှဉ်ကြည့်ရင် တော့ ဒီဇင်ဘာလရဲ့ နောက်ဆုံးသီတင်းပတ်မှာ ၁၃ ဦးပဲ အထူး ကြပ်မတ်ကုသဆောင်မှာ   ဆေးကုသမှုခံယူခဲ့တာဖြစ်တဲ့အတွက် ကူးစက်မှု  လျော့ကျလာခဲ့တယ်လို့ ပြောရမှာဖြစ်သော်လည်း ၂၀၂၄ ခုနှစ် နှစ်စမှာတော့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ အတက်ဘက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ 


အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဌာနရဲ့ အဆိုအရ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ JN.1 ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ အဓိကကူးစက်ပျံ့နှံ့နေတဲ့ ဗီဇပြောင်းမျိုးကွဲဖြစ် ပါတယ်။ 
ထို့အတူ ဥရောပမှာလည်း အဓိကလွှမ်းမိုးကူးစက်တဲ့ မျိုးကွဲဖြစ်ပြီး အာရှမှာလည်း သူပဲ လွှမ်းမိုးကူးစက်နေတာဖြစ်ပါတယ်။ ဒီဇင်ဘာလ တုန်းကတော့   ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  JN-1   အမျိုးအစားကို စိတ်ဝင်စားစရာကောင်းသော ဗီဇပြောင်းမျိုးကွဲအဖြစ် သတ်မှတ်ခဲ့ ပါတယ်။


 ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ အသင့်အနေအထားရှိနေ


ကမ္ဘာ့နိုင်ငံတစ်ဝန်းကူးစက်ဖြစ်ပွားနေတဲ့ ဗီဇပြောင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ သတိမထားမိဘူးဆိုရင်တော့ ကြောက်စရာ ကောင်းတဲ့ တစ်ကျော့ပြန်ကပ်ရောဂါအသွင်ဖြစ်လာဖို့ရှိပေမယ့် အခု တော့ ဒါတွေဟာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ကမ္ဘာ့နိုင်ငံတစ်ဝန်း မှာရှိတဲ့ ကျန်းမာရေးအဖွဲ့တွေဟာ  ဒါတွေကို သတိကြီးစွာထားပြီး အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းလျက်ရှိပါတယ်။ ကိုဗစ်-၁၉ စတင် ကူးစက်ဖြစ်ပွားခဲ့တဲ့အချိန်ကလို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို စောင့်နေစရာမလိုတော့ပါဘူး။ နိုင်ငံအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး တွေလည်း အသင့်အနေအထားရှိနေသလို ကျန်းမာရေးစောင့်ရှောက် မှုတွေကိုလည်း   အင်အားဖြည့်တင်းထားတဲ့အတွက်  အရင်ကလို ကျန်းမာရေးစောင့်ရှောက်မှုမှာ   မနိုင်ဝန်ထမ်းရတဲ့  ပုံစံမျိုးလည်း မတွေ့မြင်နိုင်တော့ပါဘူး။ ကိုဗစ်-၁၉ ဆိုတာ အခုတော့ ကြောက်စရာ ကောင်းတဲ့ ကပ်ရောဂါတစ်ခုမဟုတ်တော့ဘူးလို့တောင် ဆိုရမှာပါ။ 
ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲတွေကြောင့် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုတွေ ပြန်လည်တွေ့ရှိခဲ့သော်လည်း ဒါတွေကို အလွန်ကြီး စိုးရိမ်စရာမလိုဘူးလို့တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖော်ပြထား ပါတယ်။   ကူးစက်မှုပိုမြန်သော်လည်း  အသက်အန္တရာယ်စိုးရိမ်ရ လောက်တဲ့အထိ ကြောက်စရာမကောင်းပါဘူး။ သို့သော်လည်း ပေါ့ဆ လို့တော့ မရပါဘူး။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဟာ ရောဂါပြင်းထန်မှုမှ ကာကွယ်ဖို့ ထိရောက်လှတဲ့အတွက် ပြည်သူလူထု အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို    ခံယူရန် လိုအပ်တယ်လို့   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့  တိုက်တွန်းထား ပါတယ်။        ။

ကိုးကား - စီအင်န်အေ