
ဗီယန်ကျင်း မေ ၄
လာအိုနိုင်ငံသူ နိုင်ငံသားများကို ခုခံအား ပိုကောင်းစေရန်နှင့် နိုင်ငံခြားခရီး လျှောက်ထားမှုများ အတွက် လိုအပ်သော စံချိန်စံညွှန်း များ ပြည့်မီစေရန် ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေးထိုး ထားကြရန် လာအိုကျန်းမာရေး အာဏာပိုင်များက အကြံပေးထား သည်။
နိုင်ငံခြားခရီးသွား လျှောက် လွှာများအတွက် တတိယအကြိမ် သို့မဟုတ် စတုတ္ထအကြိမ် အပို ဆောင်းကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးထားသည့် အထောက်အထား လိုအပ်ကြောင်း ဗီယန်ကျင်း တိုင်းမ် နေ့စဉ်သတင်းစာတွင် မေ ၄ ရက်က ဖော်ပြလိုက်သည်။
လာအိုနှင့် နိုင်ငံခြားသားများ အတွက် ခရီးသွားလာနိုင်ရန် တိုင်းပြည်ကို အပြည့်အဝပြန်လည် ဖွင့်လှစ်ဖို့ အစိုးရကဆုံးဖြတ်လိုက် ပြီးနောက် ယခုလို အပိုဆောင်း ကာကွယ်ဆေးထိုးရေး လာအို ကျန်းမာရေး အာဏာပိုင်များ၏ အကြံပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အမျိုးသားလုပ်ငန်း ကော်မတီသည် လာအိုနှင့် နိုင်ငံ ခြားသားများအတွက် နယ်စပ် ဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ် ရန် အဆိုပြုချက်နှင့် ပတ်သက်ပြီး နိုင်ငံခြားသား နေထိုင်သူများ အပါအဝင် ပြည်သူ့သဘောထား အမြင်များကို လတ်တလောတွင် ဆွေးနွေးလျက်ရှိသည်။
ဆွေးနွေး အကြံပြုချက်များ ပါဝင်သော အဆိုပြုလွှာကို ဆုံးဖြတ်ချက်ချနိုင်ရန် အစိုးရထံ သို့ တင်သွင်းသွားမည်ဖြစ်သည်။
ဆင်ဟွာ