
တိုကျို ဖေဖော်ဝါရီ ၁၀
ကိုဗစ်-၁၉ အပျော့စားလက္ခဏာ ဖြစ်နေသူများအတွက် ရွေးချယ်ကုသနိုင်ရန် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနသည် ဖေဖော်ဝါရီ ၁၀ ရက်က ဖိုက်ဇာဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီက ထုတ်လုပ်သော ကိုဗစ်-၁၉ သောက်ဆေးအသုံးပြု ခွင့်ကို ခွင့်ပြုပေးခဲ့သည်။
အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်နေချိန်တွင် အဆိုပါ သောက်ဆေးကို ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါသောက်ဆေးကို ပက်ဇ်လိုဗစ်ဟုခေါ်ပြီး ဂျပန် နိုင်ငံတွင် အပျော့စား ကိုဗစ်-၁၉ ရောဂါ လက္ခဏာများကို ကုသရန် ခွင့်ပြုပေးလိုက်သော ဒုတိယသောက်ဆေးဖြစ်သည်။
ကျန်းမာရေးဝန်ကြီး ရှီဂျီယုကီဂိုတိုက အဆိုပါသောက်ဆေး သည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများကို ကုသရာတွင် အရေးကြီးသောအခန်းကဏ္ဍက ပါဝင်လာမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ဆင်ဟွာ