ကိုဗစ် - ၁၉ အလွန် လူငယ်တို့၏ အနာဂတ်အရေး

Type

 

သိန်းထွန်း(IR)

 

ကိုဗစ်-၁၉ ၏ ထိခိုက်မှုများ
၂၀၁၉  ခုနှစ်  နှောင်းပိုင်းမှ  စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ သည် နှစ်နှစ်ကျော်လာသည့် ယနေ့ထက် တိုင်  ကူးစက်မှုများဆက်လက်ရှိနေဆဲဖြစ်သည်။ ကိုဗစ်-၁၉ မှာ ဗီဇမျိုးကွဲများဖြင့် ဆက်လက်ရှင်သန် နေဆဲဖြစ်ရာ ကူးစက်မှုထိန်းချုပ်ရေး၊ ကာကွယ် ရေးနှင့် ကုသရေးများ ဆောင်ရွက်နေရသဖြင့် အချိန် ကြာလာသည်နှင့်အမျှ ယင်းကြောင့် ဖြစ်ပွားလာ သည့်   အကျိုးဆက်များသည်   ကဏ္ဍအသီးသီးသို့ သက်ရောက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ကျဆင်းနေသည့် စီးပွားရေးများပြန်လည် ထူထောင်ရေး၊  ဝင်ငွေလျော့ကျလာမှု၊  ပညာသင် ကြားရာတွင် ကွဲပြားခြားနားလာမှု၊ ကာကွယ်ဆေး ရရှိနိုင်မှုတို့တွင် မညီမျှမှုများကြောင့် ဆင်းရဲနွမ်းပါး သူများနှင့် ထိခိုက်လွယ်သူများအပေါ် အချိုးမညီမျှ မှုများ  ဖြစ်ပေါ်လာကြောင်း  ကမ္ဘာ့ဘဏ်၏ ၂၀၂၁ ခုနှစ်   ကိုဗစ်-၁၉  သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ကိုဗစ်-၁၉  ကြောင့်  ဖွံ့ဖြိုးတိုးတက်မှုများကို ကျဆင်းစေလျက်ရှိသည့်အပြင်     အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့်    မညီမျှမှုများ   လျှော့ချရေး ကြိုးပမ်းအားထုတ်မှုများကို    အခက်အခဲဖြစ်စေ လျက်ရှိကြောင်း ဆိုပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ကြောင့် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၀   ပြည့်နှစ်က   ဆင်းရဲနွမ်းပါးမှု တစ်ဟုန်ထိုး မြင့်တက်လာခဲ့ရာ တစ်နေ့လျှင်  ဒေါ်လာ ၁ ဒသမ ၉၀ ခန့်ထက် လျော့နည်းသော ဝင်ငွေဖြင့် နေထိုင် ရပ်တည်နေကြရသည့် လူဦးရေ သန်း ၁၀၀ ခန့်ရှိ ကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါသည်။
ထို့အပြင်   ကိုဗစ်-၁၉   ကပ်ရောဂါနှင့်အတူ လူသားတို့၏ ပြည်သူ့ကျန်းမာရေး၊ အလုပ်အကိုင် နှင့် ပညာရေးကဏ္ဍတို့တွင်လည်း မကြုံစဖူး စိန်ခေါ် မှုများနှင့်   ရင်ဆိုင်နေကြရပါသည်။  ကိုဗစ်-၁၉ ကြောင့်ဖြစ်လာသည့်     ထိုစိန်ခေါ်မှုများတွင် ကမ္ဘာတစ်ဝန်းရှိလူငယ်တို့၏ အနာဂတ်အရေးမှာ လည်း အရေးကြီးတုံ့ပြန်ရန် လိုအပ်သည့် အခြေ အနေဖြစ်လာပါသည်။
လူငယ်များအပေါ် သက်ရောက်မှု
ကိုဗစ်-၁၉   ကပ်ရောဂါသည်   လူငယ်များ၏ ပညာရေး၊   အလုပ်အကိုင်   အခွင့်အလမ်းများနှင့် အနာဂတ်မျှော်မှန်းချက်များအပေါ် လတ်တလော အခြေအနေ၌ပင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရ ပါသည်။ ကိုဗစ်-၁၉ ကြောင့် အာရှနှင့် ပစိဖိတ်ဒေသ ရှိ လူငယ်များ၏အလုပ်အကိုင်အလားအလာသည် စိန်ခေါ်မှုများနှင့် တွေ့ကြုံနေရကြောင်း၊ လူငယ်များ အနေဖြင့် ယင်းအကျပ်အတည်းများကြောင့် အရွယ် ရောက်ပြီးသူများထက်  ပိုမိုပြင်းထန်စွာထိခိုက်ခံစား ရလျက်ရှိပြီး ရေရှည်စီးပွားရေးနှင့် လူမှုရေးကုန်ကျ စရိတ်များ      ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ၏ ကဏ္ဍပေါင်းစုံ အကျိုးသက်ရောက် မှုများသည် ကာလရှည်ကြာခံစားနေရမည်ဖြစ်ပြီး လူငယ်များကို “လော့ခ်ဒေါင်းမျိုးဆက်”များအဖြစ် သို့  ရောက်ရှိစေနိုင်ကြောင်း   ADB  နှင့်   ILO   တို့ ပူးပေါင်းထုတ်ပြန်သော Tackling the COVID-19 youth employment crisis in Asia and the Pacific 2020 အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ထို့အပြင် ကပ်ရောဂါမတိုင်မီက အလုပ်လုပ် ကိုင်နေသည့် အသက် ၁၈ မှ ၂၄ နှစ် ကြား လူငယ်  ၂၃ ရာခိုင်နှုန်းသည် ယခုအခါ အလုပ်လက်မဲ့ဖြစ်နေ ကြောင်း၊ အလုပ်လုပ်ချိန်နှင့် ဝင်ငွေလျော့ပါးသွား ကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် ကျောင်းသား များ၏ အနာဂတ်အသက်မွေးဝမ်းကျောင်း အလား အလာအပေါ် မျှော်မှန်းချက်များမှာ ဝေဝါးလျက်ရှိ ကြောင်း၊ ၄၀ ရာခိုင်နှုန်းက မသေချာမရေရာသော  အနာဂတ်များနှင့်    ရင်ဆိုင်နေရကြောင်းနှင့် ၁၄ ရာခိုင်နှုန်းမှာ  ကြောက်ရွံ့မှုများနှင့် ရင်ဆိုင်နေရ ကြောင်း ဆိုပါသည်။
လူမှုရေးလုပ်ဆောင်မှုဆိုင်ရာ အကန့်အသတ် များသည် လူငယ်များ၏ လူမှုရေးဖွံ့ဖြိုးတိုးတက် မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့အပေါ် ထိခိုက်စေ လျက်ရှိပြီး  ပညာရေးဆိုင်ရာ  ကန့်သတ်ချက်များ ကြောင့်လည်း လူသားရင်းမြစ်များနှင့် ကျွမ်းကျင် မှုများ သင်ယူလေ့လာနိုင်သည့် လူငယ်တို့၏ အခွင့် အရေးများကို အဟန့်အတားဖြစ်စေလျက်ရှိပါသည်။ ထို့အပြင် ကျောင်းသားများသည် အဝေးမှ သင်ကြား နိုင်သည့် အခွင့်အလမ်းများရှိသည့်တိုင် ကျောင်းသား အများစုသည် ဆရာ/ဆရာမများအကြား ကျွမ်းကျင် မှု ကွာဟချက်များ သို့မဟုတ်  မိဘများ၏ ပံ့ပိုးပေး နိုင်မှုအခြေအနေများကြောင့်     အခက်အခဲများ ဖြစ်လျက်ရှိကြပါသည်။ နိုင်ငံများ၏ သုံးပုံတစ်ပုံ ကျော်တွင် အဝေးမှသင်ကြားနိုင်သည့် အစီအစဉ်များ အသုံးပြုနိုင်ရန် ဆရာ/ဆရာမကို လေ့ကျင့်သင်ကြား မှုမပံ့ပိုးပေးနိုင်ဟု  ဆိုပါသည်။ ယင်းသည် ကလေး များ၏သင်ယူမှု      အထူးသဖြင့်     ကျေးလက်နှင့် သို့မဟုတ် ဆင်းရဲသောမိသားစုများမှ ကလေးများ၏ သင်ယူမှုအပေါ် ထိခိုက်စေလျက်ရှိကြောင်း ဖော်ပြ ထားပါသည်။
၂၀၂၀ ပြည့်နှစ် တစ်နှစ်တည်း၌ပင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းသားပေါင်း ၁၆၈ သန်း  ကျော်မှာ လူကိုယ်တိုင်သင်ကြားခွင့်များ ဆုံးရှုံးခဲ့ရပြီး လူငယ်လေးဦးတွင် တစ်ဦးမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ ရသည့်အပြင် သန်းနှင့်ချီသော ကလေးသူငယ်များ နှင့် လူငယ်များ၏ စိတ်ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ခဲ့ရကြောင်း     ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio  Guterres က ဆိုပါသည်။ သို့ဖြစ်ရာ ကိုဗစ်ကူးစက်ရောဂါ၏    အကျိုးသက်ရောက်မှု ကြောင့် လူငယ်များရင်ဆိုင်နေရသည့် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ စိတ်ပိုင်းဆိုင်ရာ များနှင့် အနာဂတ်မျှော်မှန်းချက်များအပေါ် ထိခိုက် ဆုံးရှုံးရမှုများသည် လတ်တလောအတွက်သာမက ရေရှည်ကိုင်တွယ်ဖြေရှင်းရမည့် လုပ်ငန်းများအဖြစ် တွေ့ရပါသည်။
ကြီးမားသောလူသားရင်းမြစ်
ယနေ့ကမ္ဘာကြီးသည်    သမိုင်းတစ်လျှောက်  ၁ ဒသမ ၈ ဘီလီယံခန့်ရှိ   အကြီးမားဆုံးသော လူငယ်မျိုးဆက်များ၏    နေအိမ်ကြီးဖြစ်နေပြီး ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းနီးပါးခန့်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်နေထိုင်လျက်ရှိရာ လူဦးရေ၏ ကြီးမား သော    အစိတ်အပိုင်းတစ်ခုအနေဖြင့်    ပါဝင်နေ ကြောင်း ကုလသမဂ္ဂက ဆိုပါသည်။
ကမ္ဘာတွင် အသက် ၁၅ နှစ်အောက် လူငယ် အချိုးအစားအနေဖြင့် ၂၀၂၁ ခုနှစ်က လူဦးရေ၏ ၂၆ ရာခိုင်နှုန်းရှိနေကြောင်း world population စာရင်း များအရ သိရပါသည်။ ထိုစာရင်းများအရ အာဖရိက တွင် ၄၀ ရာခိုင်နှုန်း၊  အာရှတွင်  ၂၄  ရာခိုင်နှုန်း၊ မြောက်အမေရိကတွင် ၁၈ ရာခိုင်နှုန်းနှင့် ဥရောပ တွင် ၁၆ ရာခိုင်နှုန်းရှိနေသည်ကို တွေ့ရပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများရှိရာ   ဒေသတွင်   အသက် ၁၈  နှစ်အောက်  လူငယ်အချိုးအစား    နိမ့်ကျနေသည်ကို တွေ့ရပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရှိရာဒေသတွင် လူငယ် လူဦးရေအချိုးအစားမြင့်မားနေသည်ကို တွေ့ရပါ သည်။   အာရှမှဖွံ့ဖြိုးပြီး  ဂျပန်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်က အသက် ၁၄ နှစ်အထိ လူဦးရေအချိုး အစား ၁၂ ဒသမ  ၄၅  ရာခိုင်နှုန်းရှိပြီး  အသက် ၁၅ နှစ်မှ  ၆၄ နှစ်အကြားမှာ  ၅၉ ဒသမ ၁၅ ရာခိုင်နှုန်းနှင့် ၆၅   နှစ်အထက်အချိုးအစားမှာ   ၂၈ ဒသမ ၄   ရာခိုင်နှုန်းရှိနေသည်ကို တွေ့ရပါသည်။
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့် ၃၅ နှစ် အတွင်းကို  လူငယ်အဖြစ် သတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံတွင်   ၂၀၁၄   သန်းခေါင်စာရင်းအရ အသက် ၁၄ နှစ်အထိ ၂၉ ရာခိုင်နှုန်း၊ ၁၅ နှစ်မှ ၂၄ နှစ်အထိ ၁၈ ရာခိုင်နှုန်းရှိသည်ကို တွေ့ရပါသည်။ လူငယ်အသက်သတ်မှတ်ချက်မှာ     တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြသဖြင့် လူဦးရေနှင့် အချိုးအစား ပမာဏအားဖြင့်လည်း ကွဲပြားမှုရှိနိုင်ပါသည်။
အထက်ပါ စာရင်းများအရ လူငယ်များသည် နိုင်ငံတစ်နိုင်ငံအတွက်    ကြီးမားသော  လူသား ရင်းမြစ်များဟု  သတ်မှတ်နိုင်ပါသည်။  လူဦးရေအရ လူငယ်အချိုးအစား ပမာဏကြီးမားသကဲ့သို့ လူငယ် များသည် ထူးခြားသော အရည်အသွေးများ ပိုင်ဆိုင် ထားကြပါသည်။   ထို့အပြင်   လူငယ်များသည် အသက်အပိုင်းအခြားအားဖြင့် ငယ်ရွယ်သူများဖြစ် ခြင်း၊ ပြုစုပျိုးထောင်ရန် အချိန်လုံလောက်စွာရှိနေ ခြင်းတို့သည်  လူငယ်များအတွက်   ကြီးမားသော အခွင့်အလမ်းများဖြစ်သည်သာမက     နိုင်ငံများ အတွက်လည်း ကြီးမားသော စွမ်းအားစုကြီးကို ပိုင်ဆိုင်ထားခြင်းဖြစ်ပါသည်။ 
လူငယ်ရေးရာစီမံကိန်းများ
သို့ဖြစ်သောကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတိုင်းလိုလိုသည်  လူငယ်ဆိုင်ရာ  ဥပဒေများ၊ လူငယ်မူဝါဒများ၊   လူငယ်စီမံကိန်းများ၊  လူငယ် ရေးရာလှုပ်ရှားမှုများ   စသည်ဖြင့်     လူငယ်တို့၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင် အထည်ဖော်နေသည်ကို တွေ့ရပါသည်။  ကုလသမဂ္ဂ သည်   ၂၀၁၅   ခုနှစ်က   ချမှတ်ခဲ့ပြီး  ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က အသက်ဝင်လာသော ၂၀၃၀  ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး   ရည်မှန်းချက်များ နှင့်အညီ “Youth 2030: working with and for young people”  မူဘောင်ကို ၂၀၁၈ ခုနှစ်က ချမှတ် အကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရပါသည်။ 


ယင်းသည် မည်သည့်လူငယ်မှ နောက်မကျန်ခဲ့ စေရ    (Leave No Youth Behind)   ဆိုသည့် ကုလသမဂ္ဂ၏  အာမခံချက်ကို အကောင်အထည် ဖော်ရန်အတွက်ဖြစ်ကြောင်း  သိရပါသည်။ ကမ္ဘာ တစ်ဝန်းရှိ လူငယ်များသည် ကိုဗစ်-၁၉ ကူးစက် ရောဂါ၊ ရာသီဥတုပြောင်းလဲမှု၊ ရှည်ကြာနေသည့် ပဋိပက္ခများ၊ ကျား မ ခွဲခြားဆက်ဆံခံရမှု၊ လူမျိုးရေး ဆိုင်ရာများနှင့် အမြစ်တွယ်နေသည့် မညီမျှမှုများ အပါအဝင် အမျိုးမျိုးသော ပဋိပက္ခများကို မညီမျှစွာ ထိခိုက်ခံစားနေရသဖြင့်   လူငယ်ရေးရာစီမံကိန်း များသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသော လုပ်ငန်းတစ်ရပ်အဖြစ် တွေ့ရပါသည်။
အာရှပစိဖိတ်ဒေသတွင်လည်း   ကိုဗစ်-၁၉ ကြောင့်    လူငယ်များတွင်     ရင်ဆိုင်နေရသည့် ပညာသင်ကြားခွင့် ဆုံးရှုံးမှု၊ ကျောင်းနုတ်ထွက်နိုင် မှုအလားအလာများ၊ အများဆုံးထိခိုက်လွယ်သော ပညာရှာသူများအပေါ်  မညီမျှမှုကဲ့သို့သော   ပညာ သင်ကြားမှုစနစ်ဆိုင်ရာ အကျိုးသက်ရောက်မှုများ နှင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ယူနက်စကိုအဖွဲ့က အားလုံး အကျုံးဝင်သော   စီမံကိန်းများကို   အကောင် အထည်ဖော်လျက်ရှိကြောင်း   ယူနက်စကို၏ ဒေသ ဆိုင်ရာ ဒါရိုက်တာ   Shigeru Aoyagi က   ဆိုပါ သည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက  လူငယ်ရေးရာမူဝါဒ        ရေးဆွဲပြဋ္ဌာန်းထားပြီး ဦးဆောင်ဝန်ကြီးဌာနများအဖြစ်     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်      ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့ပါဝင်သည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံ နှင့် အိမ်နီးချင်း လာအိုနိုင်ငံတွင် Lao Youth and Adolescent Development Strategy 2021-2030 မဟာဗျူဟာကို   ၂၀၂၁ ခုနှစ်  ဩဂုတ်လတွင် ရေးဆွဲ အကောင်အထည်ဖော်နေသည်ကို      တွေ့ရပါ သည်။
နိုင်ငံအလိုက်     လူငယ်ရေးရာစီမံကိန်းများ၊ မူဝါဒများ ချမှတ်အကောင်အထည်ဖော်လျက်ရှိကြ သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကြောင့် လူငယ်များအပေါ် ထိခိုက်မှုများကို ကုစား နိုင်ရန်     လက်ရှိမူဝါဒများမှာ  ကိုက်ညီမှုရှိ/မရှိ၊ ပြင်ဆင်ဖြည့်စွက်ရန် ရှိ/မရှိ ပြန်လည်သုံးသပ်ရန် လိုအပ်လာပါသည်။   အချို့သော   မူဝါဒများနှင့် စီမံကိန်းများသည် ကိုဗစ်-၁၉ မတိုင်မီ ပုံမှန်အခြေ အနေအတွက် ရေးဆွဲထားကြသည်ဖြစ်ရာ လက်ရှိ ကိုဗစ်-၁၉ ဖြစ်ပွားနေဆဲနှင့် ဆက်လက်ဖြစ်ပေါ်လာ နိုင်သည့်    ထိခိုက်ဆုံးရှုံးမှုများနှင့်အညီ    ပြုပြင် ပြောင်းလဲ အကောင်အထည်ဖော်မှသာ လူငယ်များ အတွက်    ထိရောက်သောမူဝါဒနှင့် စီမံကိန်းများ ဖြစ်လာနိုင်မည်ဖြစ်ပါသည်။ 
ကိုဗစ်-၁၉ အလွန်
ကိုဗစ်-၁၉   ကူးစက်မှု   နှစ်နှစ်လွန်  ကာလ အတွင်းမှာပင် ယင်း၏ဂယက်ကြောင့် ပညာရေး၊ အလုပ်အကိုင်နှင့် ရည်မှန်းချက် မရေရာ၊ မသေချာမှု များနှင့် မညီမျှမှုများဖြစ်ပေါ်နေပြီး  လူငယ်များ၏ အနာဂတ်ခရီးအပေါ်  ပြင်းပြင်းထန်ထန်  ရိုက်ခတ် လျက်ရှိပါသည်။ အထူးသဖြင့် ဝင်ငွေနည်းသောနိုင်ငံ များတွင် နေထိုင်ကြသော လူငယ်များ၏ အခြေအနေ မှာ ပိုမိုဆိုးရွားလာပြီး ပညာရေးတွင် အင်တာနက် သုံးစွဲနိုင်မှုနည်းပါးခြင်း၊   စက်ကိရိယာမရှိခြင်း၊ အဝေးရောက်ပညာရေးပလက်ဖောင်းမရှိခြင်းနှင့် ငွေကြေးမပြည့်စုံခြင်း စသည့် များစွာသော အခက် အခဲတို့ကြောင့် ပညာရေးနောက်ကျမှုများကို ရင်ဆိုင် နေကြရပါသည်။  ထိုထိခိုက်မှုများကို  အမြန်ဆုံး ကုစားဖြေရှင်းရန် လိုအပ်နေပါသည်။
“ကပ်ရောဂါက  လူငယ်တွေကို ဘက်ပေါင်းစုံ ကနေ တုန်လှုပ်ချောက်ချားစေလျက်ရှိတယ်။ ဒါဟာ လူငယ်တွေရဲ့   အလုပ်အကိုင်နဲ့  အလုပ်အကိုင် အလားအလာတွေကို     ဖျက်ဆီးရုံသာမကဘူး၊ သူတို့ရဲ့ ပညာရေးနဲ့ လေ့ကျင့်ရေးကိုလည်း ထိခိုက် စေပြီး လူငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာကို ဆိုးဆိုး ရွားရွား ထိခိုက်စေလျက်ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒါကို ဒီအတိုင်းပစ်မထားနိုင်ပါဘူး”ဟု ILO ညွှန်ကြားရေးမှူးချုပ် Guy Ryder က ပြောကြား ခဲ့ပါသည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ သည် ယနေ့ထက်တိုင် ကူးစက်ပြန့်ပွားလျက်ရှိဆဲဖြစ်ရာ   မည်သည့်အချိန် အထိ ကိုဗစ်-၁၉ ဆက်လက်ရှိနေဦးမည်ဆိုသည်မှာ ခန့်မှန်းရန်  ခက်ခဲသည့်အခြေအနေ ဖြစ်ပါသည်။ ထိုသို့သောအချိန်တွင် လူငယ်များအတွက် လက်ရှိ ဖြစ်နေသည့် အခက်အခဲများနှင့် ဆက်လက်ဖြစ်ပွား လာမည့် အကျိုးသက်ရောက်မှုများကို ဖြေရှင်းရန်မှာ ကိုဗစ်- ၁၉ ကြောင့် ဖြစ်လာသည့် ထိခိုက်မှုများနှင့် အညီ ထိရောက်ကျယ်ပြန့်သောမူဝါဒများ၊ စီမံကိန်း များဖြင့် တုံ့ပြန်ခြင်းဖြင့်သာ လူငယ်မျိုးဆက်များ ၏ အနာဂတ်ကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။ 
ကိုးကား
၁။    လူငယ်ရေးရာမူဝါဒ၊  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊    ၂၀၁၇     ခုနှစ်၊ နိုဝင်ဘာလ
၂။    2014 Myanmar Population and Housing Census
၃။    Youth 2030: Progress Report 2021, UN
၄။    GUIDE to the Implementation of the World Programme of Action for youth, UN
၅။    Tackling  the  COVID-19  youth employment crisis in Asia and the Pacific 2020, ILO and ADB
၆။    COVID-19 and Youth: The Future of Work for Young People, https://www.un.org/ en/academic-impact/covid-19-and-youth-future-work-young-people
၇။    Viewpoint: Shigeru Aoyagi, Director, UNESCO Bangkok, The SEAN DOUBLE ISSUE FEBRUARY–MARCH 2021
၈။    https://www.statista.com/stati-stics/270087/age-distribution-in-japan/
၉။    https://www.statista.com/stati-stics/265759/world-population-by-age-and-region/
၁၀။    https://reliefweb.int/report/world/youth-covid-19-impacts-jobs-education-rights-and-mental-well-being-endejpptrutrzh