ကျီခါး-တွန်းဇံလမ်းပိုင်း၌ မြေပြိုမှုဖြစ်ပွား 

ကျီခါး   စက်တင်ဘာ   ၂
ချင်းပြည်နယ်     ကျီခါးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ကျီခါး-တွန်းဇံ လမ်းပိုင်း    မိုင်တိုင်(၇၁ -၇၂)အကြားတွင် လမ်းမြေပြိုမှုဖြစ်ပွား သည်။ 
ဖြစ်စဉ်မှာ     ကျီခါးမြို့တွင် ဩဂုတ် ၃၁ ရက်က မိုးသည်းထန် စွာ          ရွာသွန်းမှုကြောင့် စက်တင်ဘာ  ၁  ရက်က ကျီခါး-တွန်းဇံလမ်းပိုင်း ကျီခါးမြို့မှ ကိုးမိုင် ခန့်အကွာ   ဆောင်းဟွေ့ကျေးရွာ လမ်းခွဲအနီး  မိုင်တိုင်(၇၁ - ၇၂)အကြားတွင်   မြေပြိုမှုဖြစ်ပွားရာ အဆိုပါမြေပြိုမှုကြောင့် ကတ္တရာ လမ်း ပေ ၂၀၀ ခန့်နှင့်   လမ်းပခုံး သား  ပေ  ၄၀၀  ခန့်    အောက်သို့ ကျွံကျပျက်စီးခဲ့ကြောင်း သိရ သည်။
အဆိုပါနေရာသို့  ကျီခါးမြို့ အုပ်ချုပ်ရေးမှူး      ဦးနေဇော် အောင်၊ ကျီခါးနယ်မြေရဲစခန်းမှူး ဒုရဲမှူးဝင်းဗိုလ်၊  မီးသတ်ဦးစီးမှူး ဦးကမ်းဆွင်းမုန်နှင့် လမ်းဦးစီးဌာန မှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ကျိန် ဟောက်ဝုန်တို့    သွားရောက် ကြည့်ရှုစစ်ဆေးပြီး    ခရီးသွား ပြည်သူများ  သွားလာမှုအဆင်ပြေ စေရေးအတွက်  ဒေါ်ဒိမ့်ဟောက်ဝုန်  ဦးဆောင်သည့်   ကျီခါးမြို့           လမ်းဦးစီးဌာနမှ   လမ်းတူးစက်ဖြင့်    ပြုပြင်    ဆောင်ရွက်ပေးလျက်ရှိ ကြောင်း  သိရသည်။


 ဆလိုင်းလိန်းမာန်(ပြန်/ဆက်)