KIA တပ်မဟာ ၈ နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒဂုံမြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် (MGTN PDF) အဖွဲ့ဝင်များနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိ

 

နေပြည်တော်  စက်တင်ဘာ  ၂၅


တိုင်းရင်းသား   လက်နက်ကိုင် နယ်မြေများအတွင်း အကြမ်းဖက် သင်တန်း   တက်ရောက်ခဲ့သူများ ပြန်လည်    ရောက်ရှိနေကြောင်း တာဝန်သိပြည်သူများ၏ သတင်း ပေးပို့ချက်အရ   ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ     စက်တင်ဘာ ၂၃ ရက်   ညပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ   မင်္ဂလာတောင် ညွန့်မြို့နယ်     လွတ်လပ်ရေး ရပ်ကွက်၌  KIA တပ်မဟာ (၈)နယ်မြေအတွင်း    စစ်သင်တန်း တက်ရောက်ပြီး ပြန်လည်ရောက်ရှိ လာသည့် ဘိုဘိုလင်း (၁၈ နှစ်)ကို ဖမ်းဆီးရမိခဲ့သည်။


တရားခံ ဘိုဘိုလင်း ၏ ထွက် ဆိုချက်အရ မင်္ဂလာတောင်ညွန့် မြို့နယ် ကန်အရှေ့ရပ်ကွက်တွင် မျိုးမင်းအောင်(၃၂ နှစ်)၊ သီဟချို (၂၄ နှစ်) နှင့်    ကမာရွတ်မြို့နယ် (၁)ရပ်ကွက်    ရတနာလမ်းတွင် ကျော်ကျော်ထွန်း(၂၁ နှစ်)၊ ဟိန်း ထက်အောင်(၂၁ နှစ်)၊ ခင်နှင်းနွယ် (ခ) ငယ်လေး  (၁၉ နှစ်)၊    ဝေဝေ အောင် (ခ)ပေါက်စီ(၂၉ နှစ်)တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။


တရားခံ သီဟချို ၏ ထွက်ဆို ချက်အရ    မင်္ဂလာတောင်ညွန့် မြို့နယ်   ကန်မြောက်ရပ်ကွက်  ဒေါ်သိန်းတင်လမ်းတွင် မေဇော် အောင် (၃၂ နှစ်)နှင့်     အထက် မန္တလေးလမ်းတွင်  ရာကူနေမြင့် (၄၈ နှစ်)ကို ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိ


တရားခံ  မေဇော်အောင် ၏ ထွက်ဆိုချက်အရ     ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်      (၅၀) ရပ်ကွက် အနော်ရထာလမ်းတွင် သီဟလင်း(ခ)ရဲရင့်ဟိန်း(၁၇ နှစ်)၊ မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက် သမိုင်းမြို့ဟောင်း (၅)လမ်းထိပ် တွင် ကျော်မင်းထက်(၂၁ နှစ်)၊ တောင်ဥက္ကလာပမြို့နယ် (၅)ရပ် ကွက် သရေခေတ္တရာ (၂၃)လမ်း တွင် ကျော်ဇေယျာလင်း (၂၆ နှစ်)၊ ကျော်ကိုကိုဝင်း(၂၇ နှစ်)၊ ကျော် ထူးသန့်(၃၆ နှစ်)၊ မင်းသူ(၂၆ နှစ်)၊ အာကာဖြိုး (၂၁ နှစ်)တို့ကို ဖမ်းဆီး ရမိခဲ့သည်။


တရားခံ      သီဟလင်း  ၏ ထွက်ဆိုချက်အရ       ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်  ဗိုလ်မှူး ဗထူးအိမ်ရာ တိုက်(အေ/၃)တွင် ခင်မြင့်မိုရ်(၂၆ နှစ်)ကို ဖမ်းဆီးရမိ ခဲ့သည်။


တရားခံ       ခင်မြင့်မိုရ်  ၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၄ ရက်တွင် မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်လေး(တောင်)ရပ်ကွက်(၉၃)လမ်းထိပ်၌ တရားခံ ထက်ထက်အောင်   (၂၉ နှစ်)ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင်       ဖမ်းဆီးရမိ တရားခံ   ကျား ၁၃ ဦး၊   မ  ငါးဦး   ပေါင်း  ၁၈  ဦးတို့ကို  ဖမ်းဆီးရမိ ခဲ့သည်။


ဖောက်ခွဲရေးသင်တန်းတက်


ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ KIA တပ်မဟာ (၈)  နယ်မြေအတွင်း    ဖွင့်လှစ် သော    အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း      အမှတ်စဉ်(၂)တွင် ဟိန်းထက်အောင်(ခ)တရုတ်ကြီး၊ သင်တန်း     အမှတ်စဉ်(၄)တွင်  ကျော်ဇေယျာလင်း၊    ကျော်ကို ကို ဝင်း၊ မင်းသူ နှင့် ကျော်ထူးသန့်၊ သင်တန်း    အမှတ်စဉ်(၆)တွင် ခင်မြင့်မိုရ်၊  သီဟလင်း၊  ခင်နှင်း နွယ်၊ ဝေဝေအောင်၊ ကျော်ကျော် ထွန်း၊ ကျော်မင်းထက်၊ မျိုးမင်း အောင်၊    သီဟချို၊    ဘိုဘိုလင်း နှင့် အာကာဖြိုးတို့    တက်ရောက်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိ တရားခံများသည် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်း များ     ဆောင်ရွက်ရန်အတွက် မေလ (တတိယပတ်)တွင်   Min-galar    Taung     Nyunt    PDF  (MGTN PDF)  အဖွဲ့အား     ဖွဲ့စည်း ခဲ့ကြောင်း၊ အကြမ်းဖက်ဖောက်ခွဲ ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့်ငွေကြေးအား မင်္ဂလာ တောင်ညွန့်မြို့နယ်  တိုင်းဒေသ ကြီး  လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးရန်အောင်ကထောက်ပံ့ ပေးလျက်ရှိကြောင်း၊  MGTN PDF Facebook   Page   မှတစ်ဆင့် ငွေကြေးကောက်ခံ၍ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း  ဖော်ထုတ် သိရှိရသည်။


ချိန်ကိုက်မိုင်းဖောက်ခွဲ


ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ မေ ၈ ရက်တွင် ဆံရှည်နှင့် ဖမ်းဆီးရန်ကျန် တရား ခံများဖြစ်သော ဘီးလူး၊ မိုးထက်၊ ပြည့်ဖြိုး၊     ဇော်မင်း တို့သည် အထက(၁) မင်္ဂလာတောင်ညွန့် ကျောင်းဝင်းအတွင်း၌ လက်လုပ် ချိန်ကိုက်မိုင်း နှစ်လုံးကို လည်း ကောင်း၊   မင်္ဂလာတောင်ညွန့် မြို့နယ် ဖဆပလရပ်ကွက် ယာဉ် ထိန်းရုံး   မီးပွိုင့်၌  လက်လုပ်ချိန် ကိုက်မိုင်းနှစ်လုံးကို လည်းကောင်း ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။


မေ ၁၈ ရက်တွင် ဆံရှည်နှင့် ဖမ်းဆီးရန်ကျန်  တရားခံများဖြစ် သော ဘီးလူး၊ မိုးထက်၊ ပြည့်ဖြိုး၊ ဇော်မင်းတို့သည်    ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ယောမင်း ကြီးလမ်း တိုက်(၄၅)၌ ချိန်ကိုက် မိုင်း  တစ်လုံး   ထားရှိခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။


ဇွန် ၁ ရက်တွင် ဆံရှည်နှင့် ဖမ်းဆီးရန်ကျန်  တရားခံများဖြစ် သော  ဇော်မင်း၊  မန်ကျည်းတို့ သည် မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းရှိ   သျှီလာ စတိုးတွင် လက်လုပ်မိုင်း တစ်လုံး ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။


အဖျက်လုပ်ငန်းဆောင်ရွက်


ဖမ်းဆီးရမိ တရားခံဖြစ်သော ရာကူနေမြင့် (နိုင်/ကျဉ်းဟောင်း)သည် We Love Mingalar Taung Nyunt  အဖွဲ့တွင်   ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး   ဆူပူဆန္ဒပြအဖွဲ့ များနှင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းပြုလုပ်သူများကို  ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက် ရှိသူဖြစ်ပြီး    အကြမ်းဖက်အဖွဲ့ အစည်းဖြစ်သော NUG နှင့် MGTN PDF   အဖွဲ့ဝင်များအား     ၎င်းမှ ချိတ်ဆက်ပေး၍ အဖျက်လုပ်ငန်း များအား   ဆောင်ရွက်လျက်ရှိ ကြောင်း ဖော်ထုတ်သိရှိရသည်။


အထက်ပါ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး     ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား   ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြ ရန်နှင့်  ဆက်စပ်တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့     ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်း များရရှိပါက   သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန် စွာ လျှို့ဝှက်၍  ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေး အတွက်      ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန်  မေတ္တာရပ်ခံ အသိပေး ထားကြောင်း         သတင်းရရှိ သည်။


သတင်းစဉ်