
KIA အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ရေးနှင့်မသက်ဆိုင်သော ရထားလမ်း၊ ကားလမ်းများနှင့် တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊နယ်မြေလုံခြုံရေးစခန်းငယ်များအား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသဖြင့် တပ်မတော်မှ လိုအပ်သည့်တုံ့ပြန်မှုများ ဆောင်ရွက်
နေပြည်တော် နိုဝင်ဘာ ၃
KIA အဖွဲ့အနေဖြင့် နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ ထာဝရ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုအပေါ် လိုက်ပါ ဆောင်ရွက်ခြင်း မရှိသည့်အပြင် နယ်စပ်ဒေသ ကုန်သွယ်ရေး ပျက်စီးစေရန်နှင့် လမ်းပန်း ဆက်သွယ်မှု ပြတ်တောက်စေရေး စသည့် နိုင်ငံတော်၏အုပ်ချုပ်မှု ယန္တရားကို ထိခိုက်ပျက်စီးစေလို သော ရည်ရွယ်ချက်များဖြင့် ကချင်ပြည်နယ်အတွင်း စစ်ရေး နှင့် မသက်ဆိုင်သော လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီး မှုများ ပြုလုပ်လာခဲ့သည်။
KIA အဖွဲ့၏ ရထားလမ်းများ အား မိုင်းထောင်ဖောက်ခွဲမှုအနေ ဖြင့် မိုးညှင်းမြို့နယ် မော်ဟန် ကျေးရွာ၏ မြောက်ဘက် နှစ်မိုင် ခန့်အကွာရှိ မြစ်ကြီးနား- မန္တလေး သွားမီးရထားလမ်းပေါ်မှ အရှည် ပေ ၁၂၀ ရှိ တံတားအမှတ် (၅၅၅)အား ၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက် တွင် လည်းကောင်း၊ ဟိုပင်မြို့ ကြာကြီးကွင်း ကျေးရွာအုပ်စု ငါးမိုင်ကျေးရွာ၏ မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာ တံတား အရှည် ပေ ၃၂၀ ရှိ နန်းခွင်ချောင်း သံဘေလီ ရထားလမ်းကူးတံတား အား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် လည်းကောင်း၊ ဟိုပင် မြို့ မြို့သစ်ကလေးကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာ တံတားအရှည် ပေ ၈၀ ရှိ ရေပေါက်ကြီး ရထား လမ်းကူးတံတားနှင့် တံတား အရှည်ပေ ၄၀ ရှိ နန်းသာယာ ရထားလမ်းကူး တံတားတို့အား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တို့တွင် လည်းကောင်း ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
အလားတူ ကားလမ်းတံတား များအား မိုင်းထောင်ဖောက်ခွဲမှု အနေဖြင့် ဟိုပင်မြို့၏ မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ မိုးညှင်း-ဟိုပင်-မိုးကောင်း-မြစ်ကြီးနား သွား ကားလမ်းပေါ်ရှိ မိုင်တိုင် အမှတ်၊ ၃၅၆/၃၅၇ နေရာ တံတား အရှည်ပေ ၅၀ ရှိ တဝက်ချောင်းကူး ကွန်ကရစ်တံတား(ကားလမ်း)နှင့် တံတားအရှည်ပေ ၂၀ ရှိ တဝက် ချောင်းကူးတံတား (ရထားလမ်း)တို့အား ၂၀၂၁ ခုနှစ် ဧပြီ ၂၇ ရက် တွင် လည်းကောင်း၊ ရွှေကူမြို့ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက် ဆက်စပ်နေရာ အရှည် ပေ ၅၀ ရှိ ပေါင်းနက်ချောင်းကူး တံတားအား ၂၀၂၁ ခုနှစ် မေ ၄ ရက်တွင်လည်းကောင်း၊ ကသာ မြို့နယ် ချောင်းဝကျေးရွာနှင့် ရွှေကူမြို့နယ် မင်းကျောင်းကုန်း ကျေးရွာကို ဆက်သွယ်ထား သည့် ကောက်ကွေ့ချောင်းကူး ကွန်ကရစ်တံတားအား ၂၀၂၁ ခုနှစ် မေ ၉ ရက်တွင် လည်း ကောင်း၊ မြစ်ကြီးနားမြို့ နန်းကွေ့ ကျေးရွာအုပ်စု နောင်းပုံကျေးရွာ အနီး မြစ်ကြီးနား- မန္တလေး သွား ကားလမ်းပေါ် အရှည်ပေ ၆၀ ရှိ သံပေါင်ဘေလီတံတား အမှတ်၊ (၇၂၂) အား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် လည်းကောင်း ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင် ရွက်ခဲ့သည့်အပြင် လမ်း၊ တံတား များတွင် လုံခြုံရေးတာဝန် ထမ်း ဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ ဝင်များအား ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင် ရွက်ခဲ့သည်။
ထိုသို့ စစ်ရေးနှင့်မသက်ဆိုင် သော ဒေသခံပြည်သူများနှင့် ခရီး သွားပြည်သူများ အသုံးပြုသွား လာလျက်ရှိသော ရထားလမ်း၊ ကားလမ်းနှင့် တံတားများအား ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် တိုင်းရင်းသား ပြည်သူလူထု၏ သွားလာရေးကို အခက်အခဲဖြစ် ပေါ်စေပြီး ဒေသဖွံ့ဖြိုးတိုးတက် ရေးအပေါ် များစွာထိခိုက်ဆုံးရှုံး မှုများ ဖြစ်ပေါ်စေခဲ့သည်။
ထို့အပြင် တပ်မတော်အနေ ဖြင့် ငြိမ်းချမ်းရေးညှိနှိုင်းဆဲ ကာလအတွင်း တပ်စခန်းများအား တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် အကြိမ်ကြိမ် ဆက်သွယ်အသိပေး ပြောကြားခဲ့သော်လည်း KIA အနေဖြင့် တပ်မတော်၏ တပ်စု အဆင့် နယ်မြေလုံခြုံရေးဆောင် ရွက်နေသည့် စခန်းငယ်များကို လည်း သာလွန်အင်အားအသုံးပြု ၍ အလစ်အငိုက်တိုက်ခိုက်ခြင်း များ ဆောင်ရွက်ခဲ့ပြီး အဆိုပါ တပ်စခန်းများသို့ KIO အဖွဲ့မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဂွမ်မော် ကိုယ်တိုင် သွားရောက်ကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည် ကို တွေ့ရှိရသည်။
၎င်းအပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း ပါဝင် ပတ်သက်ခြင်း မပြုလုပ်ရန် အသိပေးအကြောင်းကြားခဲ့သော် လည်း KIA အဖွဲ့အနေဖြင့် တပ်မတော်၏ အသိပေး အကြောင်းကြားထားမှုအပေါ် မသိ ကျိုးကျွန်ပြုကာ ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ထို့အပြင် KIA အဖွဲ့အနေဖြင့် မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ် အနီးတွင် လက်နက်၊ ခဲယမ်း စက်ရုံများအား တည်ဆောက်၍ လက်နက်၊ ခဲယမ်းများ ထုတ်လုပ် ကာ ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုသကဲ့သို့ ပြည်တွင်းရှိ အကြမ်းဖက် အဖွဲ့များကိုလည်း အဖျက်အမှောင့်နှင့် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နောက်ကွယ်မှ လက်နက်၊ ခဲယမ်း များပံ့ပိုးခြင်း၊ အားပေး အားမြှောက် ပြုခြင်းများ လုပ်ဆောင်လျက်ရှိ ကြောင်း သိရှိရသည်။
ထို့ကြောင့် တပ်မတော်အနေ ဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှု လုပ်ရပ်များ ထပ်မံကျူးလွန်လာ ခြင်းများ မရှိစေရန်အတွက် ပြန်လည် တုံ့ပြန်တိုက်ခိုက်ခြင်း များ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍ ပြည်သူလူထုနှင့် ပတ်သက်၍ နှောင့်ယှက်ထိပါးစေ သော အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာခြင်း၊ လုံခြုံရေး စခန်းများအား တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာပါက လိုအပ် သော ပြန်လည်တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်