
နေပြည်တော် ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး ခရမ်း မြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မတ်လမှစပြီး နေအိမ်တိုင်း စစ်မှုထမ်းသွားမည့် သူများအား ထောက်ပံ့ပေးမည် ဆိုသည့် အကြောင်းပြချက်ဖြင့် ငွေကြေး ကောက်ခံမှုများကို အလွန်အကျွံပြုလုပ်လျက်ရှိသည် ဟု သတင်းတု၊ သတင်းအမှားများ ကို ပြည်ဖျက်မီဒီယာ DVB က လူမှု ကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် စွပ်စွဲရေးသားထားပြီး ပြည်သူများ အထင်အမြင် လွဲမှား စေရန် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အထက်ပါသတင်းနှင့် ပတ် သက်၍ ခရမ်းမြို့နယ်ရှိ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက် အရ ရပ်ကွက်၊ ကျေးရွာများတွင် စစ်မှုထမ်းဆောင်မည့် သူများ အတွက် ငွေကြေးကောက်ခံခိုင်း သည်ဆိုသည့်သတင်းမှာ သတင်း အမှားသာဖြစ်ပြီး မိမိတို့အနေဖြင့် ထိုသို့သော ကောလာဟလ သတင်းများမှ ပြည်သူများ အမြင် မှန် သိရှိစေရေး ရပ်ကွက်၊ ကျေးရွာ အုပ်စုများအလိုက် ပြည်သူများ သို့ အသိပေးချပြ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ အာဏာတည်သည့် နေ့မှစ၍ တရားမဝင်ပြည်ဖျက်မီဒီယာများ သည် ပြည်သူများစိုးရိမ် ထိတ်လန့်လာစေရန် လုပ်ကြံ သတင်းမျိုးစုံဖြင့် ဝါဒဖြန့်ခြင်း၊ သတင်းတု သတင်းမှားများဖြင့် မဟုတ်မမှန်စွပ်စွဲ၍ အောက်တန်း ကျစွာဖြင့် လုပ်ကြံဖန်တီး ရေးသားခြင်းများ ဆောင်ရွက် နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်