ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်တက်လာမှုနှင့်အတူ ကော့သောင်းမြို့၌ အပူဒဏ်သိသာစွာခံစားလာရဟုဆို

 

ကော့သောင်း   ဧပြီ    ၂၃ 


အီကွေတာနှင့်   နီးကပ်စွာ  တည်ရှိသည့်  မြန်မာပြည်တောင်ဘက်စွန်း    ကော့သောင်းမြို့ တွင် ခရမ်းလွန်ရောင်ခြည်မြင့်တက် လာမှုများ ကြောင့်     ဧပြီလ  တတိယပတ်အတွင်းမှစ၍ ယခင်နှစ်များနှင့်မတူဘဲ လွန်ကဲသည့် အပူဒဏ် ကို    ပိုမိုခံစားလာနေရကြောင်း    မြို့ခံပြည်သူ များထံမှ သိရသည်။

 


ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း 8  ၏ အထက်ကို   ကျော်လွန်လာပါက   လူသားများ အတွက် ကျန်းမာရေးအန္တရာယ်များ   ဖြစ်သည့်    အသားနေလောင်ခြင်း၊  အရေပြားကင်ဆာဖြစ် ခြင်း၊ မျက်စိအမြင်အာရုံထိခိုက်ခြင်း၊ DNA များ   ထိခိုက်မှုကြောင့် သားသမီးမရနိုင်ခြင်း စသည့်          အန္တရာယ်များကျရောက်နိုင်သဖြင့်    ကြိုတင်ကာကွယ်မှု   နှိုးဆော်ချက်များအဖြစ်  နေပူအတွင်း  နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သွားလာခြင်းအား ရှောင်ကျဉ်ရေး၊ ပြည်သူများ        စားဝတ်နေ ရေးအလို့ငှာ   နေရောင်ခြည်အတွင်း  သွားလာရမည်ဆိုပါက SPF 15+ နေရောင်ခြည်ကာကွယ်လိမ်းဆေးများ       အသုံးပြုသွားလာကြရေး၊ ခန္ဓာကိုယ်အား လုံခြုံသည့် အဝတ်အစား၊ ဦးထုပ်၊ ထီး စသည်များဖြင့်  ကာကွယ်သွားလာကြရေး၊ ခရမ်းလွန်ရောင်ခြည်အား   ၉၉ ရာခိုင်နှုန်း အထိကာကွယ်ပေးနိုင်သည့်    နေကာမျက်မှန်များ    တပ်ဆင်သွားလာ ကြရေး၊    ကလေးငယ်များမှာ        လူကြီးများထက် ခရမ်းလွန်ရောင်ခြည် ဆိုးကျိုးကို  ပိုမိုထိခိုက်ခံစားရနိုင်သဖြင့် ကလေးငယ်များအား  သတိပြု ထိန်းကျောင်းကြရေး    ဒေသတာဝန်ရှိအဖွဲ့အစည်းများနှင့်     မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ     မြို့နေပြည်သူများသို့   ကျယ်ကျယ်ပြန့်ပြန့်   အသိပေးနှိုးဆော်ထားကြောင်း  သိရသည်။  

ကျော်စိုး(ကော့သောင်း)