ခရိုင်သုံးခုပေါင်း၍ ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

 

မန္တလေး   အောက်တိုဘာ   ၂၂


မန္တလေးတိုင်းဒေသကြီးအတွင်း မီးဘေးလုံခြုံရေး နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာ ပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင် ရန်အတွက်  ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းကို   ချမ်းမြသာစည်မြို့နယ်ရှိ ခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ဖွင့်လှစ်သင်ကြားပေးနေ ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ သိရသည်။ 

 


“မီးသတ်နဲ့       ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ မိတ်ဖက်ပရဟိတအဖွဲ့အစည်းတွေက စိတ်ပါ ဝင်စားသူတွေ တက်ရောက်ကြတယ်။ ရှာဖွေ ကယ်ဆယ်ရေးနည်းပညာတွေကို   ပြန်လည် မျှဝေပေးနိုင်တဲ့အတွက်  ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို  အချိန်နဲ့တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်ပေးနိုင်မှာပါ။ ပြည်သူလူထုအတွက် များစွာအထောက်အကူပြုမှာပါ။ မန္တလေးတိုင်းက  စုဖွဲ့ထားတဲ့ နည်းပြတွေနဲ့ စာတွေ့လက်တွေ့ သင်ကြားပေးသွားမှာပါ။ သင်တန်းနဲ့ ပတ်သက်ပြီး ဆန်းစစ်တာတွေ          လုပ်သွားမှာပါ”    ဟု တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးဇော်ဝင်းထွန်းက ပြောသည်။ 

 


သင်တန်းကာလမှာ    အောက်တိုဘာ  ၁၇ ရက်မှ  ၃၀  ရက်အထိဖြစ်ပြီး    သင်တန်းတွင် မီးဘေးအပါအဝင် အခြားသော ဘေးအန္တရာယ်များ အကြောင်း၊  မီးသတ်တပ်ဖွဲ့၏  အခန်းကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ အခြေခံ ကြိုးချည်နည်းစနစ်၊ ကြိုးအသုံးပြု၍ ကယ်ဆယ် ခြင်း၊ ခေတ်မီ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုခြင်း၊ အသက်ရှူ ကိရိယာအသုံးပြုခြင်းနှင့် အမှောင်ထုအတွင်း လှုပ်ရှားသွားလာခြင်း၊ ရေတွင်းအသက်ကယ်ဆယ် ရေး၊ တောင်ပေါ်အသက်ကယ်ရေး၊ အဆောက် အအုံပြိုကျမှု ရှာဖွေကယ်ဆယ်ရေး၊ ယာဉ်မတော် တဆမှုများအကြောင်း၊ အခြေခံအသက်ကယ်နည်း စနစ်နှင့်   လူနာသယ်ဆောင်နည်းများအပြင် သင်တန်းသားများ၏ သက်ဆိုင်ရာဒေသအတွင်း ဖြစ်ပွားကြုံတွေ့နိုင်သော      ဘေးအန္တရာယ် အမျိုးအစားအလိုက်    လိုအပ်သည့်   ရှာဖွေ ကယ်ဆယ်ရေးဆိုင်ရာ      သင်ခန်းစာများကို ကျွမ်းကျင်နည်းပြများက သင်ကြားလေ့ကျင့်ပေး လျက်ရှိသည်။ 

 


မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို မိတ္ထီလာခရိုင်၌   စတင်ဖွင့်လှစ်ခဲ့ပြီး   ယခုအခါ မဟာအောင်မြေ၊ အောင်မြေသာစံနှင့် အမရပူရ ခရိုင်သုံးခုပေါင်း၍        ဖွင့်လှစ်ခြင်းဖြစ်သည်။ ဆက်လက်၍ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ ရမည်သင်းခရိုင် စသည်ဖြင့် ကျန်ခရိုင်များတွင် လည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊   သဘာဝ ဘေးအန္တရာယ်နှင့် အခြားရုတ်တရက် ဖြစ်ပွား တတ်သည့် ဘေးအန္တရာယ်ကျရောက်မှုဖြစ်စဉ် များတွင် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် အတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့ကြီးများ တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို ဖွဲ့စည်းပေး ထားကြောင်း သိရသည်။


မောင်အေးချမ်း