ခရီးသွားများလာရောက်လျက်ရှိသော မန်လည်နှင့် တံခွန်တိုင် ကျေးရွာချင်းဆက်လမ်းပေါ်၌ ထန်းသီးစေ့ ၁၅၀၀ ခန့် မျိုးစေ့ချစိုက်ပျိုး

 

အင်းတော်  စက်တင်ဘာ   ၁၉


သားငှက်မျိုးစိတ်ကွဲငှက်မျိုးစုံများ   ကို   လေ့လာသူ   ခရီးသွားများ လာရောက်လျက်ရှိသော မန်လည် နှင့် တံခွန်တိုင်ကျေးရွာချင်းဆက် လမ်းဘေးဝဲယာတစ်လျှောက် ထန်းသီးအစေ့  ၁၅၀၀  ခန့်ကို   စက်တင်ဘာ  ၁၉  ရက်မှစ၍    တံခွန်တိုင်ကျေးရွာ ဆရာတော် အရှင်ဝိလာသဂ္ဂ ဦးစီး၍ ဒေသခံ ပရဟိတလူငယ်များဖြင့်  စိုက်ပျိုး ကြသည်။


“မဲဇာမြစ်ကမ်းရိုးတစ်လျှောက်   ယခင်က သားငှက်တိရစ္ဆာန်မျိုးစုံ ပေါများခဲ့ပါတယ်။   သစ်ပင်ကြီး တွေလည်းများတော့    မနက် မိုးလင်းတာနဲ့  ကျောင်းနားပတ် ဝန်းကျင်မှာ ငှက်အသံမျိုးစုံ ကြားရ မြင်ရတယ်။ ကျောင်းရှေ့  ဆွမ်း ထမင်းအကျန်များ ချကျွေးတော့  လာရောက်စားကြတော့    ဆွမ်း ဒါယကာ ပို၍ကုသိုလ်ရကြတယ်။   ဆွမ်းစားချိန် ကြေးစည်ထုလိုက် ပါက အသံပေးကြတယ်။ ထန်းပင် များ ပေါက်လာအောင်၊ ကျေးရွာ သာယာစည်ကားလာအောင် ရည် ရွယ်ပြီး  ထန်းပင်တွေ၊   အုန်းပင် တွေမှာ   ငှက်တွေစုပြီး      ညနေ အိပ်တန်းဝင်ချိန်ဆို    ပျော်ရွှင် မြူးထူးနေတာ နောင်လာ နောက် သားများ မြင်တွေ့ရအောင်  စိုက်ပျိုး ပေးနေခြင်းဖြစ်တယ်။   အရိပ်ရ သစ်ပင်တွေလည်း စိုက်ပျိုးထား ရှိတယ်”  ဟု   တံခွန်တိုင်ကျောင်း ဆရာတော်က မိန့်ကြားသည်။


ထို့နောက် အင်းတော်မြို့နယ် မန်လည်ကျေးရွာနှင့် တံခွန်တိုင် ကျေးရွာလမ်းဘေးဝဲယာ   တစ် မိုင်ခန့်   မန္တလေး- မြစ်ကြီးနား သွား      ကားလမ်းအထွက်ထိ လမ်းဘေးချုံမြက်များ ရှင်းလင်း ဖယ်ရှား၍  တံခွန်တိုင်ကျေးရွာရှိ ပရဟိတလူငယ်များ၊ ဟိတဓရဓမ္မ စကူးလ်သင်တန်း  နည်းပြဆရာ များ   စုပေါင်းကာ ထန်းသီးစေ့ချ စိုက်ပျိုးခြင်း ပြုလုပ်ခဲ့ကြောင်းနှင့်   ယခင်လက သစ်တော  ဦးစီးဌာနမှ    လှူဒါန်းခဲ့သော  ကျွန်းပင်ပေါက် များ ၁၅၀ ခန့်ကို  ကျောင်းဝင်း အတွင်း စိုက်ပျိုးထားရှိကြောင်း သိရသည်။          

ငွေအိုး (ကသာ)