ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့ မျှော်လင့်ချက်ရောင်ခြည်သန်းလာတဲ့ အင်ဒိုနီးရှား

 

နွယ်နီလင်း 
 

 

အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံခြားခရီးသည် ၇ ဒသမ ၄ သန်းကို ဆွဲဆောင်နိုင်တဲ့ အဓိကရည်မှန်းချက် ပန်းတိုင်တစ်ခု   ချမှတ်ထားပြီး ၂၀၂၃ ခုနှစ်မှာ ခရီးသွားလုပ်ငန်းတွေ   သိသိသာသာ   ပြန်လည် ဦးမော့လာမယ်လို့ ခန့်မှန်းထားပါတယ်။ 

 


ကြိုးစားအားထုတ် လုပ်ဆောင်သွားမှာ


အဆိုပါရည်မှန်းချက်ကို   အောင်မြင်ရန်အတွက်  အင်ဒိုနီးရှားအစိုးရက ခရီးသွားတွေအတွက်    ပိုမို အဆင်ပြေအောင် လုပ်ဆောင်ပေးခြင်းဖြင့်  သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွေ တိုးတက်လာဖို့ ကြိုးစား အားထုတ် လုပ်ဆောင်သွားမှာ ဖြစ်တယ်။
ကမ္ဘာတစ်ဝန်းလုံးမှ ခရီးသွားတွေကို ကြိုဆိုဖို့အဆင်သင့်ဖြစ်နေတယ်လို့ နိုင်ငံရဲ့ထိပ်တန်း အပန်း ဖြေရာနေရာ၊ အပန်းဖြေဖို့ ပင်လယ်ကမ်းခြေအိမ်နဲ့ ဟိုတယ်တွေမှ တာဝန်ရှိသူတွေက ပြောတယ်။

 


၃၀ ရာခိုင်နှုန်းထက်မနည်း တိုးတက်လာရန် ခန့်မှန်းထား


၎င်း၏ စီးပွားရေးလုပ်ငန်းမှာ ၂၀၁၉ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၀၂၃ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်းထက်မနည်း တိုးတက်လာဖို့  ခန့်မှန်းထားတယ်လို့   ဘာလီ အခြေစိုက်  မိသားစု ဟိုတယ်စီမံခန့်ခွဲမှုမှ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဒဲဂါး ပရာမားနားက   ဆင်ဟွာသို့ ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တွေဟာ ခရီးသွားလုပ်ငန်းအတွက် အလွန်ဝမ်းနည်းစရာ ကောင်းတဲ့နှစ်တွေ ဖြစ်ခဲ့တယ်လို့ ၎င်းကပြောတယ်။

 


ယခုအခါ အလုပ်သမား ၉၀၀ ငှားရမ်းထားတဲ့ မိသားစုဟိုတယ်နဲ့  အပန်းဖြေစခန်း ၁၀ ခုထက် မနည်း   လုပ်ကိုင်နေတဲ့  အမှုဆောင်အရာရှိချုပ်က ဟိုတယ်တွေ၊   အပန်းဖြေနေရာတွေနဲ့    အပန်းဖြေ  ပင်လယ်ကမ်းခြေအိမ်တွေကို ထူထောင်ဖို့  စီစဉ် နေတယ်။

 


ခရီးသွားလုပ်ငန်းမှာ  အခုနှစ်အတွင်း ပြန်လည် ကောင်းမွန်လာမယ်လို့ ယုံကြည်မိတယ်။   နှစ်ပေါင်း များစွာက   ဘာလီကျွန်းမှာ   နိုင်ငံခြားခရီးသွား ဝင်ရောက်မှုအရေအတွက်      မြင့်မားလာခဲ့ပြီး ဘာလီကျွန်းဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အနှစ်သစ်ဆုံး ခရီးသွားနေရာတစ်ခုလည်း        ဖြစ်ခဲ့တယ်လို့ အင်ဒိုနီးရှားစာရင်းအချက်အလက် (ဘီပီအက်စ်) က ပြောတယ်။

 


၂၀၂၃ ခုနှစ်ကုန်မှာ ၇၀ ရာခိုင်နှုန်းအထိရှိနိုင်


အပန်းဖြေကျွန်းရှိ    ဟိုတယ်တည်းခိုမှုနှုန်းမှာ ၂၀၂၂ ခုနှစ်က  ၅၀ ရာခိုင်နှုန်းဝန်းကျင်နဲ့ နှိုင်းယှဉ်ပါ က ၂၀၂၃ ခုနှစ်ကုန်မှာ ၇၀ ရာခိုင်နှုန်းအထိ   ရှိနိုင် တယ်လို့ ဘာလီရှိ ဒန်းပါဆာမြို့ ခရီးသွားလာရေးရုံမှ အကြီးအကဲဖြစ်သူ ဒီဇိုင်ရဲ မူရာနီက ပြောတယ်။
ထို့ပြင်   လော့ဒေါင်းနှင့်      လူမှုဆိုင်ရာ ကန့်သတ်ချက်မူဝါဒကိုမဆို       ဖျက်သိမ်းခဲ့တယ်။ ဒါ့ကြောင့် မိမိတို့ဟာ ရည်မှန်းချက်ကို  ရောက်ရှိနိုင် ရန်ယုံကြည်တယ်လို့ မူရာနီက ဘာလီတွင်   ပြော တယ်။

 


ကန့်သတ်ချက်တွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့


အင်ဒိုနီးရှားအစိုးရဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က   နိုင်ငံတစ်ဝန်း    ကိုဗစ်-  ၁၉ ဆိုင်ရာ အများပြည်သူ   လုပ်ဆောင်ချက်    ကန့်သတ်ချက် တွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်။

 


ဒါပေမယ့်လည်း ကပ်ရောဂါဟာ  မပြီးပြတ်သေး တဲ့အတွက်ကြောင့် ကိုဗစ်- ၁၉ရဲ့    ကျန်းမာရေး အရေးပေါ်အခြေအနေ ရှိနေဆဲဖြစ်တယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြီးခဲ့တဲ့ နှစ်ကုန်က ပြောကြားခဲ့တယ်။

 


၇ ဒသမ ၄ သန်းကို ဆွဲဆောင်နိုင်ဖို့ ရည်မှန်းထား


အင်ဒိုနီးရှား   ခရီးသွားလုပ်ငန်းနှင့်     တီထွင် ဖန်တီးမှုဆိုင်ရာ စီးပွားရေးဝန်ကြီး     ဆန်ဒီယာဂါ ယူနိုက ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၇ ဒသမ ၄ သန်းကို ဆွဲဆောင်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ အဆိုပါ ရည်မှန်းချက်ဟာ ၂၀၂၂ ခုနှစ် နိုင်ငံက မှတ်တမ်းတင်ထားတဲ့ နိုင်ငံခြားခရီးသွား အရေအတွက်မှာ နှစ်ဆတိုးလာပြီး နိုင်ငံခြားငွေလဲလှယ်မှုတန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ    ၅ ဒသမ ၉၅    ဘီလီယံမြင့်တက်လာမှာ   ဖြစ်တယ်။ ၂၀၂၃ ခုနှစ်မှာ      ဘာလီသို့    နိုင်ငံခြားခရီးသွား လေးသန်း    ဝင်ရောက်ဖို့  ခန့်မှန်းထားတယ်လို့ ဝန်ကြီးယူနိုက ပြောတယ်။ 

 


ပြီးခဲ့တဲ့နှစ်က ၅ ဒသမ ၂ သန်းအထိ လက်ခံရရှိခဲ့


အင်ဒိုနီးရှားနိုင်ငံအနေနဲ့       ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားခရီးသွား ၃ ဒသမ ၆ သန်းကို  ဆွဲဆောင် ဖို့    ရည်မှန်းထားသော်လည်း    နောက်ပိုင်းမှာ ၅ ဒသမ ၂ သန်းအထိ လက်ခံရရှိခဲ့တယ်လို့ ၎င်းက ပြောတယ်။ ဩစတြေးလျ၊ အိန္ဒိယ၊ မလေးရှား၊ နယူး ဇီလန်နဲ့ စင်ကာပူနိုင်ငံကဲ့သို့သော အင်ဒိုနီးရှားနိုင်ငံ သို့ ခရီးသည်   ဝင်ရောက်မှုတိုးနေတဲ့   နိုင်ငံတွေမှ နိုင်ငံခြားခရီးသွားတွေကို   ဆွဲဆောင်ဖို့အတွက် အာရုံစိုက်မှာ ဖြစ်ပါတယ်ဟု  ၎င်းက    ဆက်ပြော တယ်။
၂၀၂၂ ခုနှစ်က အဆိုပါနိုင်ငံတွေမှ  ခရီးသွား ဝင်ရောက်မှုအရေအတွက်ကို ဦးဆောင်နေတယ်လို့ အင်ဒိုနီးရှား     စာရင်းအချက်အလက်တွေမှာ ဖော်ပြထားတယ်။  အင်ဒိုနီးရှားနိုင်ငံဟာ    တရုတ် နိုင်ငံရဲ့ အကောင်းဆုံးဆောင်ရွက်ထားတဲ့  ကိုဗစ်-၁၉ မဟာဗျူဟာကို  လိုက်နာပြီးနောက်    တရုတ် ခရီးသွားတွေကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်တယ်လို့ ၎င်းက ဆက်ပြောတယ်။

 


အခုနှစ်မှာ တရုတ်ခရီးသွား ၂၅၃၀၀၀ လာရောက်လည်ပတ်နိုင်ဖို့ ခန့်မှန်းထား


အခုနှစ်မှာ နိုင်ငံအတွင်း    အားလပ်ရက်ခရီး အတွက်  တရုတ်ခရီးသွား   ခန့်မှန်းခြေ ၂၅၃၀၀၀ လာရောက်လည်ပတ်နိုင်ရန် ခန့်မှန်းထားတယ်လို့ ဂျကာတာမှာကျင်းပတဲ့   သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောတယ်။

 


၂၀၁၉ ခုနှစ်အတွင်း တရုတ်ခရီးသွား
ဝင်ရောက်မှုမှာ ၂ ဒသမ ၀၇ သန်းရှိခဲ့


ကိုဗစ်- ၁၉ ကပ်ရောဂါမဖြစ်ပွားမီက နိုင်ငံတွင်း သို့ တရုတ်ခရီးသွားဝင်ရောက်မှု အရေအတွက်မှာ  ထိပ်ဆုံးက ရှိခဲ့တယ်လို့   အင်ဒိုနီးရှား စာရင်းအချက် အလက်ကို   ကိုးကားပြီး   ဝန်ကြီးက ပြောတယ်။ ၂၀၁၉ ခုနှစ်အတွင်း တရုတ်ခရီးသွားဝင်ရောက်မှုမှာ ၂ ဒသမ ၀၇ သန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း တရုတ်ခရီးသွား ၉၄၉၂၄ ဦးသာ လာရောက်လည်ပတ်ခဲ့တယ်လို့  ဘီပီအက်စ် က ထုတ်ပြန်ထားတယ်။

 


အထူးဦးစားပေး ခရီးသွားနေရာငါးခုကို ပိုမိုမြှင့်တင်သွားမှာဖြစ်


နောက်ထပ်မဟာဗျူဟာအဖြစ်    အင်ဒိုနီးရှား အစိုးရက   နိုင်ငံတကာပွဲတွေ     ကျင်းပခြင်းဖြင့် အင်ဒိုနီးရှားနိုင်ငံရဲ့  ခရီးသွား   ရည်မှန်းချက်တွေ အထူးသဖြင့်  အထူးဦးစားပေးခရီးသွားနေရာ ငါးခု ကို ပိုမိုမြှင့်တင်သွားမှာဖြစ်တယ်။
အထူးဦးစားပေးနေရာငါးခုမှာ မြောက်ဆူမား တြားပြည်နယ်ရှိ တိုဘာရေကန်၊    ဂျာဗားပြည်နယ် အလယ်ပိုင်းရှိ ဗောရောဗုဓ၊ နူဆာတန်ဂါရာပြည်နယ် အနောက်ပိုင်းရှိ မန္ဒလိက၊ နူဆာ  တန်ဂါရာပြည်နယ် အရှေ့ပိုင်းရှိ လဗွမ် ဘာဂျိုနှင့် ဆူလာဝေစီပြည်နယ် မြောက်ပိုင်းရှိ လစ်ကူပန်တွေပဲ ဖြစ်တယ်။

 


ဆက်လက်ပြီး နိုင်ငံတစ်ဝန်း  ခရီးသွားကျေးရွာ အသီးသီးရဲ့   ဖွံ့ဖြိုးတိုးတက်ရေးနဲ့   မြှင့်တင်ရေးကို လည်း      အရှိန်မြှင့်တင်သွားမယ်။    လက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ ခရီးသွား ကျေးရွာ ၁၈၃၁ ခုရှိပြီး ယင်းမှာ နိုင်ငံရဲ့ နောက်ထပ် ခရီးသွားသင်္ကေတတွေ ဖြစ်လာနိုင်ခြေရှိပါတယ်။         ။  

                                                                  
ကိုးကား- ဆင်ဟွာ