
ရန်ကုန် ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးပြုလုပ်သော မြန်မာ့ခရီးသွားပြပွဲ ၂၀၂၃ (Myanmar Travel Fair 2023) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးဟောင်း၌ ကျင်းပသည်။
အဆိုပါပြပွဲကို ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကာ ပြပွဲတွင် ခရီးသွားလုပ်ငန်းရှင်များ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်လုပ်ငန်းရှင် များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင် များ၊ ခရီးသွားအာမခံလုပ်ငန်းများ၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများ တစ်စု တစ်စည်းတည်း ဝယ်ယူနိုင်မည်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပြသ သွားမည်ဖြစ်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားပြီး အခမ်းအနားကို တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြခန်းများ ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အာကာစိုး