ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများအား ဒေသထွက်ကုန်ပစ္စည်းများဖြင့် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရန်လိုအပ်

 

နေပြည်တော်   အောက်တိုဘာ    ၂၇


နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်နှင့်အညီ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သည်လည်း ယင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက် ရှိရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်၌ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာလုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင် များအား တွေ့ဆုံသည်။ 

 


ယင်းသို့တွေ့ဆုံစဉ်    ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့်   နိုင်ငံတော်၏    စီးပွားရေးကို ပြန်လည်ဦးမော့လာနိုင်စေရေးအတွက် ဘက်ပေါင်းစုံ မှ   ဆောင်ရွက်လျက်ရှိရာ   ဟိုတယ်နှင့်   ခရီးသွား လုပ်ငန်းကဏ္ဍကိုလည်း     ဖွံ့ဖြိုးတိုးတက်စေလိုပါ ကြောင်း၊   နေပြည်တော်အတွင်းရှိ  ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းရှင်များအနေဖြင့် ဒေသထုတ်ကုန်များကို  အခြေခံသည့်    ကုန်ထုတ်လုပ်မှုလုပ်ငန်းများ    ဖွံဖြိုး တိုးတက်စေရေးနှင့်    အသေးစား၊    အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး   အထောက်အကူပြုနိုင်ရန်အတွက်    မိမိတို့ တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်း ဖြင့်    ဆင့်ပွားအကျိုးကျေးဇူးများ   ရရှိမည်ဖြစ်ပါ ကြောင်း၊  ခရီးသွားလုပ်ငန်းသည်   မီးခိုးမထွက်သည့်    စက်ရုံဖြစ်ပြီး ယခုအခါနည်းပညာများ  ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ    ခရီးသွားလုပ်ငန်းနှင့်   ဆက်စပ်၍ စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်း များအား ဒေသထွက်ကုန်ပစ္စည်းများဖြင့် ထုတ်လုပ် နိုင်အောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ၂၀၂၂  ခုနှစ်   ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့    အထိမ်းအမှတ် အခမ်းအနားတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ရိုးရာအစားအစာများ၊ ဒေသထွက်အစားအစာ များနှင့် ထုတ်ကုန်များအား ပြသခဲ့ပါကြောင်း၊ အဆိုပါ  ဒေသထွက်  အစားအစာများ၊   ထုတ်ကုန်များအား ပိုမိုကောင်းမွန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် တတ်နိုင်သည့် ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလိုပါကြောင်း။

 


နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် များမှ    လက်ရှိဆောင်ရွက်နေသော     အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အား ပိုမိုစနစ်ကျပြီး တိုးတက်ကောင်းမွန်လာစေရန် အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း၊ နေပြည်တော်သည် နိုင်ငံ၏ မြို့တော်ဖြစ် သည်နှင့်အညီ ပြပွဲများ၊ အစည်းအဝေးများနှင့် နိုင်ငံ တော်အဆင့် အခမ်းအနားများ ကျင်းပရာနေရာဖြစ် သည့်အတွက် မြို့တော်အင်္ဂါရပ်နှင့်အညီ ဟိုတယ်၏ ဥပစာများနှင့်   ပတ်ဝန်းကျင်  သန့်ရှင်းသာယာလှပ စေရေး၊   စိမ်းလန်းစိုပြည်စေရေးတို့အတွက်   ဆောင် ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊       ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော် ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက    ဝိုင်းဝန်းကူညီပံ့ပိုးပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။  

 


ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြ သော ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ နှင့် ခရီးသွားလုပ်ငန်းရှင်များက မိမိတို့ ဆောင်ရွက်နေ ကြသော  အသေးစား၊  အငယ်စားနှင့်   အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် အထွေထွေကိစ္စရပ်များကို  ဆွေးနွေးတင်ပြကြရာ       ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်