ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၂၃

 

 

ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ခရီးသွားလုပ်ငန်းကော်မတီ အတွင်း ရေးမှူး ဒုတိယဝန်ကြီး ဦးတင်လတ်၊ ကော်မတီဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ခရီးသွား လုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့ အစည်း ကိုယ်စားလှယ်များက Online မှ ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (UNWTO) နှင့် လူဇင်ဘတ်အစိုးရ၏ aid & development agency ဖြစ် သည့် Lux Dev တို့နှင့် ပူးပေါင်းရေးဆွဲ ထားသည့် ခရီးသွားလုပ်ငန်းပြန်လည် ရှင်သန်ရေးလမ်းပြမြေပုံ (MTSRR) ကို ခရီးသွားအဖွဲ့အစည်းများ၏ အကြံပြု ချက်များကို ဖြည့်စွက်ကာ ယခုအစည်း အဝေးတွင် တရားဝင်ထုတ်ပြန်သွား မည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေး လမ်းပြမြေပုံ (MTSRR) တွင် မြန်မာ့ခရီးသွား နှစ်နှစ် သုံးနှစ်အတွင်း ပြန်ရှင်သန်လာရန် Immediate, Medium term နှင့် Long term ဆောင်ရွက်ရမည့် မဟာ ဗျူဟာများနှင့် လုပ်ငန်းစဉ်များ ထည့်သွင်းရေးဆွဲထားပြီး MTSRR ကို အခြေပြု၍ မိမိဒေသအလိုက် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Regional Master Plan များကို တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်ရေးဆွဲ ဆောင်ရွက်သွား ရမည် ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များ၊ UNWTO, WTTC စသည့် နိုင်ငံ တကာ ခရီးသွားအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်များနှင့်အညီ Enchan-ting Myanmar Health and Safety Protocol (HSP) ကို Regional, Nati-onal, International ဆိုသည့် အဆင့် (၃) ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ Regional အဆင့်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ဝန်ထမ်းများက ပူးပေါင်း စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီ သည့် ဟိုတယ်များ၊ စားသောက်ဆိုင် များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးနေ ပါကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည် စတင်သည့်အချိန်တွင် ထုတ်ပြန်ထား သော Guidelines များနှင့် ကိုက်ညီ မှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီများမှ ပူးပေါင်း စိစစ်၍ မြန်မာနိုင်ငံကို safe to travel destination တစ်ခုအဖြစ် နိုင်ငံတကာ ခရီးသွားများက သိမြင်လက်ခံလာ အောင် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။

လက်ရှိတွင် ပြည်တွင်းလေကြောင်း လိုင်းပြေးဆွဲမှုများကို ဒီဇင်ဘာ ၁၆ ရက် ကစ၍ ပြန်လည်စတင်ခဲ့ပြီး Enchan-ting Myanmar Health and Safety Protocol (HSP) ကို လိုက်နာ၍ ခရီး သွားများ၏ ယုံကြည်မှုများ ပြန်လည် ရရှိပြီး Non Landing Sight Seeing Flight နှင့် River Cruise များကို ဒီဇင်ဘာ ၂၀ ရက်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ၍ သတ်မှတ်စည်းမျဉ်း စည်းကမ်းများ နှင့်အညီ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်းက အောင်အောင် မြင်မြင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များ အသင်း (UMTA) ၏ နောင် ခရီးစဉ်များတွင်လည်း ခရီးသည် booking များ ရရှိနေပြီဟု သိရှိရသည့် အတွက် Enchanting Myanmar Health and Safety Protocol (HSP) ကို တိတိကျကျ လိုက်နာကြရန် တိုက်တွန်းကြောင်း။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း တိုးတက်ရေးနှင့် ဘေးကင်းလုံခြုံသည့် ခရီးသွားလုပ်ငန်း ဖြစ်လာစေရေး ဆောင်ရွက်ရာတွင် ခရီးစဉ်ဒေသစီမံ ခန့်ခွဲမှုအဖွဲ့ (DMO) များကို အားကိုး အားထား ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက် အကူ ဖြစ်စေနိုင်သောကြောင့် ဒေသန္တရ အာဏာပိုင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ပြီး ကိုဗစ်-၁၉ ကာလအလွန် ခရီးသွား လုပ်ငန်း ပြန်လည်ဦးမော့လာစေရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေ လိုကြောင်း တိုက်တွန်းပြောကြား သည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမောင်မောင်ကျော် က ခရီးသွား လုပ်ငန်းကော်မတီ (၃/၂၀၂၀) ကြိမ် မြောက် အစည်းအဝေး ဆုံးဖြတ်ချက် များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီး မှုများအား ဆွေးနွေးတင်ပြပြီး Online မှ တက်ရောက်ကြသည့် ခရီးသွား လုပ်ငန်းကော်မတီဝင်၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရီးသွား လုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့ အစည်း ကိုယ်စားလှယ်များက ကိုဗစ်-၁၉ အလွန်တွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရေး၊ ခရီးစဉ် ဒေသအသစ်များ ဖော်ဆောင်နိုင်ရေး၊ ခရီးသွားများ ဘေးကင်းလုံခြုံရေး၊ ဘဏ္ဍာငွေရရှိရေး၊ အခွန်အခလျှော့ချ ပေးရေးနှင့် ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဒုတိယ ဝန်ကြီး ဦးတင်လတ်က ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်း‌ရေး ဆင့်ပွား သင်တန်းများ ဆက်လက်ဖွင့်လှစ် သင်ကြားမည့်အစီအစဉ်နှင့် ခရီးသွား လုပ်ငန်း ကော်မတီဝင်၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရီးသွား လုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များမှ တင်ပြချက် များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်