
နေပြည်တော် ဒီဇင်ဘာ ၂၇
ခရီးသွားလုပ်ငန်း သုတေသနစင်တာလက်စွဲစာအုပ် မိတ်ဆက်ထုတ်ဝေခြင်းနှင့် သုတေသန နည်းလမ်း များအသုံးချခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ယင်းစီမံကိန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁) ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် နေပြည်တော်၌ ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်း အဝေးမှ စတင်ပေါ်ပေါက်လာခဲ့ပြီး ၂၀၁၆ ခုနှစ် မတ် ၂၃ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန် ပြည်နယ် ဆန်းယမြို့၌ ကျင်းပခဲ့သော ပထမအကြိမ် မဲခေါင်-လန်ချန်း နိုင်ငံ့ခေါင်းဆောင်များ အစည်း အဝေး၌ တရားဝင်စတင်ထူထောင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သော ဒုတိယအကြိမ်လန်ချန်း-မဲခေါင် ထိပ်သီးအစည်းအဝေး (၅) နှစ်တာ လုပ်ငန်း အစီအစဉ်အရ ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍ ၁၀ ခု သတ်မှတ်ခဲ့ကြောင်း။
မြန်မာနိုင်ငံအနေနှင့် မဲခေါင်-လန်ချန်း အထူး ရန်ပုံငွေကို ၂၀၁၇ ခုနှစ်တွင် စတင်ရရှိခဲ့ပြီး အကောင် အထည်ဖော်သော စီမံကိန်းပေါင်း ၉၂ ခုရှိကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင်လည်း အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် ခရီးသွားလုပ်ငန်း သုတေသနစင်တာ စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းသည် မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း အတွက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ခရီးသွားလုပ်ငန်းစျေးကွက်၏ ဝယ်လို အားနှင့် ရောင်းလိုအားကို အချက်အလက်များနှင့် ကိန်းဂဏန်းများဖြင့်ဖော်ထုတ်ရန်၊ ခရီးသွားလုပ်ငန်း ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အစီအစဉ်များနှင့် မဟာဗျူဟာများ ချမှတ် နိုင်ရန်၊ ခရီးသွားစျေးကွက်ရှာဖွေနိုင်ရေး စဉ်ဆက် မပြတ်သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် နှစ်အလိုက် စီမံချက်များကို ပံ့ပိုးကူညီရန် ရည်ရွယ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်မည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ ယင်းစီမံကိန်းမှ ထွက်ပေါ်လာ မည့် အကျိုးရလဒ်များကို ခရီးသွားလုပ်ငန်းနယ်ပယ် တွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများသာမက ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရေး အဖွဲ့အစည်း များနှင့် ဒေသခံပြည်သူလူထုများအတွက်ပါ အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း။
ခရီးသွားလုပ်ငန်းတွင် ဒေသခံတို့၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆင့်ပွားအကျိုး သက်ရောက်မှုရှိသော လုပ်ငန်းဖြစ်သည့်အတွက် ကိန်းဂဏန်းနှင့် အချက်အလက်များ တိကျခိုင်မာမှု ရှိမှသာ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာ၌ ထိရောက်သော အစီအမံများ ချမှတ်နိုင်မည် ဖြစ်ကြောင်း၊ ထို့အတွက် ယခုသုတေသနလက်စွဲ စာအုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသား ပြုစုပြီး ထုတ်ဝေသွားရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။
နောက်ဆက်တွဲ လုပ်ငန်းစဉ်တစ်ခုအဖြစ် သုတေ သနနည်းလမ်းများအပေါ် အသုံးပြုနည်းသင်တန်း ကိုလည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနေရာ သုံးနေရာ၌ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ အသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ် များမှ ကျောင်းသား ကျောင်းသူများဖြင့် ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ တက်ရောက် မည့် သင်တန်းသား သင်တန်းသူများအနေဖြင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ကြိုးစားသင်ယူကြစေလိုပါ ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ သုတေသန ပညာရှင်အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက ခရီးသွားလုပ်ငန်း သုတေသနစင်တာလက်စွဲစာအုပ်ကို ပြည်ထောင်စု ဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ပြီး လက်စွဲ စာအုပ်ပါ အကြောင်းအရာများနှင့် သင်တန်းဖွင့်လှစ် ပို့ချခြင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများကို သုတေသနလက်စွဲစာအုပ်များ မိတ်ဆက်လက်ဆောင် ပေးအပ်သည်။
၂၀၁၈ ခုနှစ် မဲခေါင်-လန်ချန်း ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး၏ ဆန်းယ ကြေညာချက်မှ အစပြု၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ ပေါ်ပေါက်လာချိန်တွင် မြန်မာနိုင်ငံ အတွက် ထိရောက်သော ကူညီထောက်ပံ့မှုများကို တရုတ်နိုင်ငံမှ ပံ့ပိုးပေးလျက်ရှိရာ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ၏ စီမံကိန်းများအနက် တစ်ခုဖြစ်သော ခရီးသွားလုပ်ငန်း သုတေသနစင်တာ ထူထောင်ရေးအစီအစဉ်အရ စီမံကိန်းရည်မှန်းချက် များနှင့်အညီ ခရီးသွားလုပ်ငန်း သုတေသနစင်တာ လက်စွဲစာအုပ် မိတ်ဆက်ထုတ်ဝေခြင်းနှင့် သုတေ သန နည်းလမ်းများအသုံးချခြင်းဆိုင်ရာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်