ခရီးသွားကဏ္ဍမြှင့်တင်ရန် နိုင်ငံခြားသားဝင်ရောက်ခွင့်ကန့်သတ်ချက် ဖိလစ်ပိုင် ဖြေလျှော့

 

မနီလာ   မတ်   ၂၃ 


ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး က  နိုင်ငံတကာခရီးသွားကဏ္ဍကိုမြှင့်တင်ရန်၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုကို    မြှင့်တင်ရန်နှင့်    ခရီးသွား ကဏ္ဍ         အလုပ်အကိုင်များကို ပြန်လည်ရှင်သန်ရန်     နိုင်ငံခြား သား        ဝင်ရောက်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များအား  ဖြေလျှော့ ပေးရန်   အမိန့်တစ်ရပ် ထုတ်ပြန် ခဲ့သည်။ မတ်  ၂၁ ရက်က  လက်မှတ် ထိုးခဲ့သော   ဒူတာတေး၏   အမိန့် တစ်ရပ်တွင် နိုင်ငံတကာခရီးသွား လာရာတွင်   လိုအပ်ချက်များကို ဖြေလျှော့ပေးရန်       အစိုးရကို တိုက်တွန်းကြောင်း   ဖော်ပြပါရှိ သည်။  အဆိုပါတိုက်တွန်းချက်တွင် ကိုဗစ်-၁၉   ကာကွယ်ဆေးထိုး ထားသည့် နိုင်ငံခြားသား   ခရီး သွားများအတွက်    ကွာရန်တင်း ကင်းလွတ်ခွင့်လည်း ပါဝင်သည်။

 


ထို့အပြင်    ပြည်တွင်းခရီးသွား ကဏ္ဍတိုးမြှင့်ရန်    ပြည်တွင်းခရီးသွားကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးရန်       အမိန့် ထုတ်ပြန်ထားသည်။   အစိုးရ၏ စီးပွားရေးပြန်လည်နာလန်ထူရေးအစီအစဉ်အများကို       ချိန်ညှိ အကောင်အထည်    ဖော်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးမှု  လမ်းကြောင်း ပေါ်သို့     ပြန်လည်ရောက်ရှိရေးဆောင်ရွက်ချက်များကို    လုပ် ဆောင်ရန်   ဒူတာတေးက အလေး အနက်တိုက်တွန်းခဲ့သည်။ 

 


လက်ရှိ     စီးပွားရေးအကျိုး အမြတ်ရရှိရန်၊   စီးပွားရေးနာလန် ထူရေးနှင့်သက်ဆိုင်သည့် မူဝါဒ များကို   ချမှတ်အကောင်အထည် ဖော်ရန်   အရေးပေါ်လိုအပ်လျက် ရှိကြောင်း၊   ကပ်ရောဂါကြောင့် ကာလရှည်ကြာ    ဆိုးကျိုးသက် ရောက်မှုများကို   ကျဉ်းမြောင်းစေ ရန်နှင့်      နိုင်ငံ့ဖွံ့ဖြိုးရေးများကို ပြန်လည်ရရှိအောင်    လုပ်ဆောင် သွားရန်လိုကြောင်း     ဒူတာတေး၏ ထုတ်ပြန်ချက်တွင်     ရေးသား ဖော်ပြခဲ့သည်။ ၂၀၂၀  ပြည့်နှစ်က စတင်ဖြစ်ပွားခဲ့သော  ကိုဗစ်-၁၉ ကပ်ရောဂါသည်    ဖိလစ်ပိုင်နိုင်ငံ ၏စီးပွားရေးကို ဆိုးရွားစွာ ထိခိုက် စေခဲ့ပြီး  အလုပ်အကိုင်များ၊ ထုတ် လုပ်ရေးပိုင်းများကို များစွာ ရိုက် ခတ်ခဲ့ပြီး ဝင်ငွေများလည်း လျော့ နည်းသွားခဲ့ကာ စီးပွားရေးလုပ်ငန်း အတော်များများ ပိတ်ပစ်ခဲ့ရသည် အထိ ဖြစ်ပွားခဲ့သည်။    

ဆင်ဟွာ