
ရန်ကုန် ဇန်နဝါရီ ၁၉
ဘုရားဖူးခရီးသွား ဒေသတစ်ခု ဖြစ်သော ဧရာဝတီတိုင်းဒေသကြီးငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း မြို့နယ် ဇီးချိုင်ကျေးရွာအုပ်စုရှိ သမိုင်းဝင် မဟာကုဋရံသီ ဆံတော် ရှင် မြတ်မော်တင်စွန်းစေတီတော် မြတ်ကြီး၏ ရင်ပြင်တော်အား အဆင့်သုံးဆင့်ဖြင့် တိုးချဲ့ပြုပြင် နေပြီဖြစ်ကြောင်း တာဝန်ယူ ဆောင်ရွက်နေသော M.K.T ဆောက်လုပ်ရေးမှ သိရသည်။
“စေတီတော်ကြီးကို အဆင့် သုံးဆင့်နဲ့ ဆောင်ရွက်မှာဖြစ်ပါ တယ်။ အခုကတော့ ပထမအဆင့် စတင်ဆောင်ရွက်တာ ဖြစ်ပြီးတော့ ဘုရားပွဲမတိုင်မီ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်လောက်မှာ ပထမအဆင့် ပြီးမှာ ဖြစ်ပါတယ်။ ပေ (၈၀ x ၃၀) အာရုံခံတန် ဆောင်း သုံးခု ထည့်သွင်းမယ်လို့ ရည်ရွယ်ထားပါတယ်” ဟု တာဝန်ယူ ဆောင်ရွက်နေသော M.K.T Con-struction ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ပထမအဆင့်သည် စေတီတော်၏ မြောက်ဘက်နှင့် အနောက်ဘက်အောက် ပစ္စယံ ရင်ပြင်တို့အား တိုးချဲ့နေခြင်းဖြစ် သည်။ ရင်ပြင်တော်အား တစ်ဖက်ကို ပေ ၁၀၀ အကျယ်စီ ချဲ့မည်ဖြစ်ပြီးရင်ပြင် တစ်ဖက်၏ အနားသည် ၃၆၂ ပေ စတု ရန်းအကျယ်ရှိမည် ဖြစ်သည်။
ဒုတိယအဆင့်တွင် အနောက်ဘက် ပိုင်းနှင့် တောင်ဘက် အစိတ်အပိုင်းအချို့ ကို တိုးချဲ့မည်ဖြစ်သည်။ ထို့ပြင် ရေကန် ကိုဖြတ်ပြီး ပင်မတံတားကြီးတစ်စင်း ကိုလည်း ထည့်သွင်းတည်ဆောက်မည် ဖြစ်သည်။ တတိယအဆင့်တွင် ကျန်ရှိ သော ရင်ပြင်တော်အောက်ပစ္စယံတစ်ခု လုံး ၃၆၂ ပေ ပတ်လည်ကို တတိယ အဆင့်အနေဖြင့် အပြီးသတ်ဆောင်ရွက် မည်ဖြစ်သည်။ထိုရင်ပြင်များ အပြီးသတ် လျှင် အထက်ပစ္စယံ ကျောက်ပြားခင်း ခြင်း၊ အထက်ပစ္စယံ၏ စိန်တောင်များ ထည့်သွင်းခြင်း၊ အောက်ပစ္စယံတွင် မဟာရံတံတိုင်းများနှင့် စိန်တောင်များ ထည့်သွင်းခြင်း၊ အောက်ပစ္စယံ ကျောက် ပြားခင်းခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်သည်။
အဆိုပါ မြတ်မော်တင်စွန်းစေတီ တော်ကြီးသည် မြန်မာနိုင်ငံကို ပထမဦး ဆုံး ဆံတော်ရှင် ရောက်ရှိလာသော စေတီတော်ကြီးဖြစ်ကြောင်း၊ ရွှေတိဂုံ ဘုရားသမိုင်း၊ ဗိုလ်တထောင်ဆံတော်ရှင် ဘုရားသမိုင်းတို့နှင့် ဆက်စပ်မှုရှိနေ ကြောင်း၊ ဘုရားဖူးခရီးသွားများ၏ ဝင်ရောက်ရာ ခရီးသွားနေရာတစ်ခုဖြစ် ပြီး ယခင် ကျင်းပခဲ့ပြီးသော မြတ် မော်တင်စွန်း ဘုရားပွဲများသည်လည်း လာရောက်ဖူးမြော် ကြည်ညိုသူများဖြင့် ခြိမ့်ခြိမ့်သဲစည်ကားခဲ့ကြောင်း စေတီ တော် ပြန်လည်ပြုပြင်ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။
မင်းခ