ခန္တီးမြို့၌ အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

ခန္တီး  သြဂုတ်  ၂၂


စစ်ကိုင်းတိုင်းဒေသကြီး   ခန္တီးမြို့တွင်   အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က   ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၌  ကျင်းပသည်။ 
အခမ်းအနားတွင်   Oxygen  Plant  စက်ရုံနှင့် ပတ်သက်သည့် အချက်အလက်  စာရွက်စာတမ်းများကို   စစ်ဗျူဟာအခြေချ (ခန္တီး)    စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သက်ထူးစံက  ပေးအပ်ရာ ခန္တီးခရိုင်ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ နန်းမြတ်မြတ်မွှေးက လက်ခံရယူသည်။

 


ဆက်လက်၍ Oxygen Plant စက်ရုံတည်ဆောက်ခြင်းလုပ်ငန်း အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည့်  အလှူရှင်များအား   ဂုဏ်ပြုမှတ်တမ်းလွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက  ပေးအပ် ကြသည်။   ထို့နောက်   Oxygen  Plant  စက်    စတင်လည်ပတ်မှုနှင့်   အောက်ဆီဂျင်ထုတ်လုပ်ပေးနိုင်မှုများကို      တာဝန်ခံအင်ဂျင်နီယာ   ဦးအောင်ဖြိုးနိုင်က လိုက်လံရှင်းလင်းပြသသည်။

 


အဆိုပါ အောက်ဆီဂျင်စက်ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက  ခန္တီးမြို့နယ်အတွက် ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင်  လီတာ ၄၀ ဝင်   အောက်ဆီဂျင်အိုး ၄၈ လုံး   ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။   

 


ယခင်ခန္တီးမြို့တွင် အသုံးပြုလည်ပတ်လျက်ရှိသည့်      အောက်ဆီဂျင် စက်မှာ တစ်ရက်လျှင် လီတာ  ၄၀ ဝင် အောက်ဆီဂျင်အိုး ၁၀ လုံးသာ ထွက်ရှိပြီး   ယခုစက်မှာ ၄၈ လုံး ထွက်ရှိသည့်အတွက်  ခန္တီးမြို့နယ် အတွင်းသာမက   နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်ကြသည့် လေရှီး၊ လဟယ်၊   နန်းယွန်းမြို့များရှိ ဒေသခံတိုင်းရင်းသားပြည်သူများ ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားပါက အောက်ဆီဂျင်လိုအပ်မှုကို  ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


ဒီဇိုင်း(ရတနာမြေ)