ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄) တွင် မန်ယူအသင်းရှုံးနိမ့်ခဲ့သည့်အတွက် နောက်တစ်ဆင့်တက်ရေး မှေးမှိန်

 

ချန်ပီယံလိဂ်အုပ်စု  ပွဲစဉ်   (၄)   မှ နိုဝင်ဘာ ၉ ရက် နံနက် ၂  နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ဒိန်းမတ် ကလပ်  ကိုပင်ဟေဂင်နှင့်  မန်ယူ အသင်းပွဲစဉ်တွင်     အပြန်အလှန် သွင်းဂိုးများဖြင့်   အကြိတ်အနယ် ရှိခဲ့ပြီး   ကိုပင်ဟေဂင်အသင်းက လေးဂိုး - သုံးဂိုးဖြင့်   အနိုင်ရရှိခဲ့ သည်။ အဆိုပါ  ပွဲစဉ်ကို ကိုပင် ဟေဂင်အသင်း        အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး    ပရိသတ် ၃၆၀၀၀ ကျော်  လာရောက်ကြည့်ရှု ခဲ့သည်။ 


မန်ယူအသင်းသည်    ပွဲချိန် မိနစ် ၃၀ အတွင်း  တိုက်စစ်ကစား သမား  ဟွိုက်လန်း၏  သွင်းဂိုး နှစ်ဂိုးဖြင့်   ဦးဆောင်နိုင်ခဲ့သော် လည်း   ပွဲချိန်   ၄၂   မိနစ်တွင် ရက်ဖို့ဒ်     တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံရခြင်းနှင့်အတူ ချေပ ဂိုးများနှင့် အနိုင်ဂိုးပြန်လည်ခွင့်ပြု ပေးခဲ့ရသည့်အတွက်    လေးဂိုး-သုံးဂိုးဖြင့်   ရှုံးနိမ့်ခဲ့ခြင်း   ဖြစ် သည်။     


မန်ယူအသင်းသည်  ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက်     ရမှတ် သုံးမှတ်ဖြင့်     အမှတ်ပေးဇယား အောက်ဆုံးတွင်  ရပ်တည်နေပြီး နောက်တစ်ဆင့်   တက်လှမ်းရေး မျှော်လင့်ချက်     မှေးမှိန်ခဲ့ရပြီ ဖြစ်သည်။


ချန်ပီယံလိဂ်  အုပ်စုပွဲစဉ် (၄) မှ အခြားသော ပွဲစဉ်ရလဒ်များတွင် ဘိုင်ယန်မြူးနစ်က     ဂါလာတာ စာရေးကို      နှစ်ဂိုး  -  တစ်ဂိုး၊ အာဆင်နယ်က       ဆီဗီလာကို နှစ်ဂိုး - ဂိုးမရှိ၊   ပီအက်စ်ဗွီက လန်းစ်ကို တစ်ဂိုး-ဂိုးမရှိ၊ ရီးရဲ မက်ဒရစ်က  ဘရာဂါကို သုံးဂိုး-ဂိုးမရှိ၊ ဆိုစီဒက်က ဘင်ဖီကာကို သုံးဂိုး - တစ်ဂိုး၊ အင်တာမီလန်က ဆောလ်ဘတ်ကို  တစ်ဂိုး - ဂိုးမရှိ ဖြင့် နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး နာပိုလီ နှင့်  ယူနီယံဘာလင်အသင်းပွဲစဉ် တွင်    တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။      

အောင်ဇော်