ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂)မှ နယူး ကာဆယ်နှင့် ပီအက်စ်ဂျီအသင်း ပွဲစဉ်ကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ ရာ နယူးကာဆယ်အသင်းက တိုက်စစ်ခြေစွမ်းပြကာ လေးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်ကို စိန့်ဂျိမ်းပတ်ခ် ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး (ယာပုံ) ပရိသတ် ၅၂၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။ နယူးကာဆယ်အသင်းသည် ဆယ်စုနှစ် နှစ်စုကျော်အကြာတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ယခုကဲ့သို့ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။
နှစ်သင်းကြား အသင်းစုဖွဲ့မှုနှင့် ခြေစွမ်းပိုင်းကွာဟမှု    ကြီးကြီး မားမားရှိသော်လည်း        နယူး ကာဆယ်အသင်းက      ခြေစွမ်းပြ ကာ ဂိုးပြတ်နိုင်ပွဲ   ဖော်ဆောင်နိုင် ခဲ့ခြင်းဖြစ်သည်။  နယူးကာဆယ် အသင်းအတွက်  သွင်းဂိုးများကို အယ်လ်မီရွန်၊   ဘန်း၊    လောင်း စတပ်ဖ်နှင့်   ရှားတို့က   သွင်းယူ ပေးနိုင်ခဲ့သည်။ ပီအက်စ်ဂျီအသင်း အတွက် နှစ်သိမ့်ချေပဂိုးကို ဟာနန် ဒက်ဇ်ကသွင်းယူပေးခဲ့သည်။
နယူးကာဆယ်အသင်းသည် ယခုအနိုင်ပွဲကြောင့်  ချန်ပီယံလိဂ် ပြိုင်ပွဲတွင် နှစ်ပွဲကစားပြီး တစ်ပွဲ နိုင်၊ တစ်ပွဲ သရေရလဒ်ဖြင့် အမှတ် ပေးဇယားကို     ဦးဆောင်ထား သည်။    ပြိုင်ဘက်   ပီအက်စ်ဂျီ အသင်းက   နှစ်ပွဲကစား တစ်ပွဲနိုင်၊  တစ်ပွဲရှုံးရလဒ်ဖြင့်   ဒုတိယနေရာ တွင် ရပ်တည်နေသည်။
အခြားသော ပွဲစဉ်ရလဒ်များ တွင် မန်စီးတီးက လိုက်ပ်ဇစ်ကို သုံးဂိုး-တစ်ဂိုး၊    ဘာစီလိုနာက ပေါ်တိုကို တစ်ဂိုး-ဂိုးမရှိ၊ လာဇီယို က ဆဲလ်တစ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။     ဒေါ့မွန်နှင့် အေစီမီလန်အသင်း        ပွဲစဉ်တွင် ဂိုးမရှိ သရေကျခဲ့သည်။
အောင်ဇော်
      


