ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် လီဗာပူး၊ စပါး၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့ နိုင်ပွဲရရှိ

 

ယူအီးအက်ဖ်အေ     ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်များမှ နိုဝင် ဘာ ၂ ရက် နံနက်ပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့်      ပွဲစဉ်များတွင် လီဗာပူး၊ စပါး၊ ဘိုင်ယန်မြူးနစ် နှင့်  ဘာစီလိုနာအသင်းတို့  နိုင်ပွဲ ကိုယ်စီရရှိခဲ့ကြသည်။ 

 


လီဗာပူးနှင့် နာပိုလီအသင်း တို့ပွဲစဉ်တွင် လီဗာပူးအသင်းက နှစ်ဂိုးပြတ် နိုင်ပွဲရရှိပြီး ချန်ပီယံ လိဂ်တွင် နာပိုလီအသင်း၏ နိုင်ပွဲ ဆက်မှုကို      ရပ်တန့်နိုင်ခဲ့သည်။  နာပိုလီအသင်းသည်    ယခုပွဲစဉ် တွင် ရှုံးနိမ့်ခဲ့သော်လည်း လီဗာပူး အသင်းနှင့်  ရမှတ်တူ   ဂိုးကွာခြားချက် အသာနှင့်အတူ      အုပ်စုပထမနေရာ ရရှိခဲ့သည်။ 

 


နောက်တစ်ဆင့် တက်လှမ်းခွင့်ရရှိမည်


မာဆေးလ်အသင်းနှင့် စပါးအသင်း တို့ပွဲစဉ်တွင် စပါးအသင်းက ဟိုးဘတ်၏ နောက်ကျဂိုးကြောင့်   နှစ်ဂိုး-တစ်ဂိုးဖြင့်  အနိုင်ရရှိကာ     အုပ်စုပထမနေရာဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ ယခု ပွဲစဉ်တွင်  နှစ်သင်းစလုံး အနိုင်ရမှ နောက်တစ်ဆင့်  တက်လှမ်းခွင့်ရရှိမည် ဖြစ်သည့်အတွက်    နောက်ဆုံးမိနစ် အပိုင်းအခြားအထိ   ပြိုင်ဆိုင်မှုပြင်းထန် ခဲ့ပြီး    စပါးအသင်းက      အနိုင်ရလဒ် ဖော်ဆောင်ကာ   နောက်တစ်ဆင့်   တက် လှမ်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။   ယခုပွဲစဉ် မတိုင်မီ  နောက်တစ်ဆင့်   တက်လှမ်းခွင့် နှင့်    လွဲချော်ထားသော   ဘာစီလိုနာ အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင်   ပဲလ်ဇန်အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့်   အနိုင်ရရှိခဲ့သည်။ 

 


ဘိုင်ယန်မြူးနစ် အနိုင်ရ


အခြားသော    ပွဲစဉ်ရလဒ်များတွင်  ဘိုင်ယန်မြူးနစ်က  အင်တာမီလန်ကို နှစ်ဂိုး-ဂိုးမရှိ၊ အိုင်းယက်စ်က ရိန်းဂျားကို  သုံးဂိုး-တစ်ဂိုး၊ ပေါ်တိုက အက်သလက် တီကို မက်ဒရစ်ကို နှစ်ဂိုး-တစ်ဂိုး၊ ဖရန့် ဖတ်က  စပို့တင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လေဗာကူဆင်နှင့် ကလပ် ဘရုဂ်တို့    ပွဲစဉ်တွင်    ဂိုးမရှိသရေကျ ခဲ့သည်။ 

 


အုပ်စုနောက်ဆုံးပွဲစဉ်များ   ပြီးဆုံး ချိန်တွင်  နောက်တစ်ဆင့်သို့  နာပိုလီ၊ လီဗာပူး၊ ပေါ်တို၊ ကလပ်ဘရုဂ်၊ ဘိုင်ယန် မြူးနစ်၊ အင်တာမီလန်၊ စပါး၊ ဖရန့်ဖတ်၊ ချယ်ဆီး၊    ရီးရဲမက်ဒရစ်၊    မန်စီးတီး၊ ပီအက်စ်ဂျီနှင့်      ဘင်ဖီကာအသင်းတို့ တက်ရောက်သွားပြီဖြစ်သည်။      

    
 အောင်ဇော်