
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်များကို စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ နာပိုလီ၊ ရီးရဲမက်ဒရစ်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ ခဲ့သည်။
ဘိုင်ယန်မြူးနစ်နှင့် မန်ယူအသင်း ပွဲစဉ်ကို နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစား ခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်းက အကြိတ် အနယ်ကစားပြီး လေးဂိုး - သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်ကို ဘိုင်ယန် မြူးနစ်အသင်း အိမ်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ပြီး ပရိသတ် ၇၅၀၀၀ လာရောက်ကြည့်ရှု ခဲ့သည်။ ခြေစွမ်းကျဆင်းနေသည့် မန်ယူ အသင်းသည် ယခုပွဲစဉ်တွင်လည်း နိုင်ပွဲ ရရှိရန် လုံလောက်သည့် စွမ်းဆောင်ရည် ကောင်း ပြသနိုင်ခြင်းမရှိဘဲ ပြိုင်ဘက် အသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများ ကိုသာ ပွဲချိန်အများစု ခုခံကာကွယ်ခဲ့ ရသည်။
ဘိုင်ယန်မြူးနစ်အသင်း အတွက် သွင်းဂိုးများကို ဆာနေး၊ ဂနာဘရီ၊ ကိန်းနှင့် တဲလ်တို့က သွင်းယူပေးပြီး မန်ယူအသင်းအတွက် သွင်းဂိုးများကို ဟွိုက်လန်းနှင့် ကက်စမဲရိုးတို့က သွင်းယူပေးခဲ့သည်။ အာဆင်နယ်နှင့် ပီအက်စ်ဗွီအသင်းပွဲစဉ်တွင် အာဆင်နယ် အသင်းက တိုက်စစ်ခြေစွမ်းပြကာ လေးဂိုးပြတ် အနိုင်ရရှိပြီး အဖွင့် မျက်နှာပန်းလှခဲ့သည်။ ပုံမှန်ခြေစွမ်း ပြသထားနိုင်သည့် အာဆင်နယ်အသင်း သည် ယခုပွဲစဉ်တွင်လည်း ခံစစ်၊ ကွင်းလယ်နှင့် တိုက်စစ်ကို အချိတ် အဆက်မိမိ ကစားနိုင်ခဲ့ပြီး လိုအပ်သည့် သွင်းဂိုးများကို ရယူကာ ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ အာဆင် နယ်အသင်းအတွက် သွင်းဂိုးများကို ဆာကာ၊ ထရိုဆတ်၊ ဂျီးဆပ်နှင့် အိုဒီ ဂတ်တို့က သွင်းယူပေးနိုင်ခဲ့သည်။
ထို့ပြင် ပေါ်တူဂီကလပ် ဘရာဂါ နှင့် နာပိုလီအသင်းပွဲစဉ်တွင် နာပိုလီ အသင်းက အကြိတ်အနယ် ကစားပြီး နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရီးရဲမက်ဒရစ်နှင့် ဂျာမန်ကလပ် ယူနီယံ ဘာလင် အသင်းပွဲစဉ်တွင် ရီးရဲမက်ဒရစ် အသင်းက နာကျင်အချိန်ပိုတွင် သွင်းယူ ရရှိခဲ့သော ဘယ်လင်ဂမ်၏ သွင်းဂိုး ကြောင့် တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သည်။
အောင်ဇော်