
ခင်ဦး ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ ကျန်ရှိနေသော အသက် (၆၅) နှစ် အထက် ပုဂ္ဂိုလ်များနှင့် ပြည်သူများကို ယနေ့ နံနက် ၉ နာရီကစ၍ ပြည်သူ့ဆေးရုံ (မိခင်နှင့် ကလေး ကျန်းမာရေးဌာန) တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံ ပေးရာတွင် ရပ်ကွက်၊ ကျေးရွာ များရှိ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသော အသက် (၆၅) နှစ်အထက် ပုဂ္ဂိုလ်များနှင့်
ပြည်သူများကို ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်း များက ထိုးနှံပေးလျက်ရှိသည်။
ခင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်တွင် ဆေးအလုံး ၁၀၀၀၊ ဒုတိယအကြိမ်တွင် ဆေးအလုံး ၇၅၀၊ တတိယအကြိမ်တွင် ဆေးအလုံး ၅၀၀၊ စတုတ္ထအကြိမ်တွင် ဆေးအလုံး ၅၀၀ ဖြင့် မြို့နယ်အတွင်းရှိ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ် များနှင့် ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးလျက်ရှိပြီး ဆေးတစ်လုံး လျှင် လူနှစ်ဦးနှုန်းဖြင့် ဩဂုတ် ၁၇ ရက်အထိ လူဦးရေ ၄၂၃၅ ဦး ထိုးနှံ ပေးခဲ့ပြီး ကျန်ရှိနေသော ပြည်သူများ ကိုလည်း ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းနှင့် ကျန်ရှိနေသော မြို့နယ် အတွင်းရှိ ပြည်သူများနေဖြင့် လာရောက်ထိုးနှံကြပါရန် နှိုးဆော်ပေး လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရ သည်။
စိုးဝေအောင်(ခင်ဦး)