ခင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ အိမ်ခြေ ၇၀ ခန့် ယာယီရွှေ့ပြောင်း

 

ခင်ဦး   စက်တင်ဘာ ၂၂


စစ်ကိုင်းတိုင်းဒေသကြီး    ခင်ဦးမြို့နယ်   ရှင်မင်းဒွေကျေးရွာတွင် စက်တင်ဘာ    ၂၁    ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ခြေ  ၇၀ ခန့်  ယာယီရွှေ့ပြောင်းထား ကြောင်း   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။


အဆိုပါကျေးရွာတွင်   မိုးသည်းထန် စွာ  ရွာသွန်းမှုကြောင့်   သက်တော်ရှည်၊ သက်တော်ရချောင်းနှင့်  သရက်ကန်တို့မှ  ရေများဝင်သဖြင့် အိမ်ခြေ ၇၀ ခန့် လူဦးရေ ၁၅၀ ခန့်အား    မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က       ရေဘေးလွတ်ရာ     ရှင်မင်းဒွေ   ဘုန်းကြီး  ကျောင်းတိုက်သို့  ခေတ္တယာယီ ရွှေ့ပြောင်းထားပြီး   ကျွဲ၊  နွား တိရစ္ဆာန် များကိုလည်း ဘေးလွတ်ရာသို့  ရွှေ့ပြောင်း ထားရကြောင်းနှင့် ရေကြီးမှုကြောင့်  လူ၊  တိရစ္ဆာန်များ  ထိခိုက်မှုမရှိကြောင်း  သိရ သည်။


ရေဝင်ရောက်ရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီအသင်းတို့ ပူး ပေါင်းပြီး နံနက်စာ ထမင်းထုပ်များ ပေးဝေ နိုင်ရေး စီစဉ်လျက်ရှိကြောင်း စိုက်ဧက ထိခိုက်ပျက်စီးမှု  စာရင်းများကို  မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊   မြို့နယ်လယ်ယာမြေ    စီမံခန့်ခွဲရေးနှင့်       စာရင်းအင်းဦးစီးဌာနနှင့် အတူ  ဆောင်ရွက်လျက်ရှိကြောင်း  သိရ သည်။    

          
စိုးဝေအောင် (ပြန်/ဆက်)