ချင်းရွှေဟော်နယ်စပ်ဂိတ်မှ အောက်ဆီဂျင်စက်ကြီးနှစ်လုံးနှင့် အောက်ဆီဂျင်အိုး အလုံး ၇၀၀ ထပ်မံဝင်ရောက်

 

ချင်းရွှေဟော်    ဇူလိုင်  ၂၁


ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ   နမ့်ဖာဟော်နယ်စပ် ဂိတ်မှတစ်ဆင့်      ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ     ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင်      အသုံးပြုနိုင်ရန်အတွက်  တရုတ်နိုင်ငံမှ  ဝယ်ယူတင်သွင်း သည့်    ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ   ဝင်ရောက် လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီ တွင်  Oxygen Plant စက်ကြီး နှစ်လုံးနှင့်        အောက်ဆီဂျင်   လီတာ   ၄၀ ဆံ့အိုးအလွတ် အလုံး ၇၀၀၊ နှာခေါင်းစည်း   ၂၂၈၉  ဖာတို့ တင်ဆောင်လာသည့်  မော်တော် ယာဉ်ငါးစီး ထပ်မံဝင်ရောက်လာခဲ့ ကြောင်း သိရသည်။
အဆိုပါ ချင်းရွှေဟော်နယ်စပ် ဂိတ်မှ          ဝင်ရောက်လာခဲ့သော ကျန်းမာရေး    အထောက်အကူ ပစ္စည်းများမှ  Oxygen  Plant   စက်ကြီးနှစ်လုံးမှာ     စက်ကြီး တစ်လုံးလျှင် တစ်ရက် အောက်ဆီ ဂျင် လီတာ ၄၀ ဆံ့အိုး ၇၇ လုံး ထုတ်လုပ်နိုင်သည့်    စက်များ  ဖြစ်ပြီး      ၎င်းစက်နှစ်လုံးကို   လားရှိုးမြို့  ကိုဗစ်-၁၉  ရောဂါပိုး တွေ့လူနာများ    ကုသရေးတွင် အသုံးပြုနိုင်ရန်အတွက် လားရှိုး မြို့သို့  ဆက်လက်ပို့ဆောင်သွား မည်ဖြစ်သည်။        ကျန်ရှိသည့် အောက်ဆီဂျင်အိုးအလွတ် အလုံး ၇၀၀ နှင့်  နှာခေါင်းစည်း  ၂၂၈၉  ဖာ တို့ကို  ချင်းရွှေဟော်မြို့  စီတို ဂိုဒေါင်နှင့်          ကွမ်းလုံမြို့နယ် ရွှေကူဝကျေးရွာရှိ   ရွှေတော်ဝင် ဂိုဒေါင်၊    ရွှေတြိဂံဂိုဒေါင်များ၌ ခေတ္တချထားပြီး ၎င်းဂိုဒေါင်များ မှတစ်ဆင့်    မြန်မာနိုင်ငံအတွင်း မြို့နယ်များသို့     ဆက်လက် ပို့ဆောင်သွားမည် ဖြစ်ကြောင်း  သိရသည်။

ဇင်ဇင်(ပြန်/ဆက်)