ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ဆန်ကွဲ၊ ရော်ဘာ၊ နှံစားပြောင်းနှင့် ပြောင်းတို့ကို အဓိကထားတင်ပို့လျက်ရှိပြီး ဝဥအစို၊ ဝဥအခြောက်၊ (ရော်ဘာကြမ်း)တို့ကိုလည်း တင်ပို့လျက်ရှိသည်။ ယခု ရက်ပိုင်းအတွင်း ပြောင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ပြောင်း တင်ပို့မှု များပြားလာလျက်ရှိသည်။ 
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း ပို့ကုန်တင်ပို့မှု မှာ ၄ ဒသမ ၁၅၅ ဒေါ်လာသန်းဖြစ်ပြီး ယခင်တစ်ပတ်က ၂ ဒသမ ၁၉၇ ဒေါ်လာသန်းဖြစ်သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် ၁ ဒသမ ၉၅၈ ဒေါ်လာသန်း  ပိုမိုတင်ပို့နိုင်ခဲ့ပြီး   သွင်းကုန် တင်သွင်းမှုအနေဖြင့်   စားသောက်ကုန်၊ ဆေးနှင့် ဆေးဝါးပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းတို့ကို   အဓိကတင်သွင်းလျက်ရှိသည်။   ယခု တစ်ပတ်အတွင်း အိမ်ရိုက်သံ၊ သံပိုက်၊ နန်းခွေ၊ အပင်ပိုးသတ်ဆေးများ၊ မြေဆီ၊ စောင်၊ ကြွေပြား၊ စက်ဘီးအပိုပစ္စည်းများ၊ စက်အပိုပစ္စည်းများ၊ ကြက်အူချောင်း၊ စတီးချိုင့်၊ စတီးလင်ပန်း၊  စတီးဇွန်း/ခက်ရင်း၊ စတီး ဇလုံ၊ စတီးခွက်၊ ကော်စေ့များ စသည့်လူသုံးကုန် ပစ္စည်းများ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများ၊   ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများဆုံး တင်သွင်းနိုင်ခဲ့သည်။ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏  တစ်ပတ်အတွင်း သွင်းကုန်တင်သွင်းမှုမှာ ၁ ဒသမ ၄၄၃ ဒေါ်လာသန်း ဖြစ်ပြီး ယခင်တစ်ပတ်က ၄ ဒသမ ၈၂၉ ဒေါ်လာသန်း ဖြစ်သည့်အတွက် ယခင်တစ်ပတ်နှင့်   နှိုင်းယှဉ်ပါက  ၃ ဒသမ ၃၈၆ ဒေါ်လာသန်းလျော့နည်းခဲ့ သည်။ လက်ရှိကာလတွင် ချင်းရွှေဟော်မြို့၏ ဒေသပေါက်ဈေးအရ ယွမ်ငွေ ၁ ယွမ်လျှင် ၄၂၇ ကျပ်၊ ၄၃၅ ကျပ်ဝန်းကျင် ဖြစ်ပေါ်လျက်ရှိပြီး ငွေလဲနှုန်းပြောင်းလဲမှုအရ  စားသောက်ကုန်နှင့်   လူသုံးကုန်ပစ္စည်း ဈေးနှုန်း အနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရသည်။