ချင်းပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 

 

ဟားခါး    မေ    ၃
ချင်းပြည်နယ်      ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် မေ ၃ ရက် က ဟားခါးမြို့ရှိ   ပြည်နယ်အစိုးရ အဖွဲ့ရုံး   အစည်းအဝေးခန်းမ၌     ပြုလုပ်သည့် ပြည်နယ်မြေလွတ်၊      မြေလပ်နှင့်  မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီ   လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်   အမှာစကားပြောကြားသည်။
ပြည်နယ် မြေလွတ်၊ မြေလပ် နှင့်    မြေရိုင်းများ   စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ     ပြည်နယ် ဝန်ကြီးချုပ်က ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင်   ယခင်အစိုးရ လက်ထက်      အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ပြီး       ဗဟို ကော်မတီသို့      တင်ပြခဲ့သည့် အမှုတွဲများအနက် သက်ဆိုင်ရာ ဝန်ကြီး ဌာနနှင့် ခရိုင်၊   မြို့နယ်တို့မှ ချင်းပြည်နယ်    အစိုးရအဖွဲ့သို့ သဘောထားတောင်းခံလာသည့် အမှုတွဲများကို ယခုတက်ရောက် လာကြသည့် တာဝန်ရှိသူအားလုံး က      လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်    စဉ်းစားဆုံးဖြတ်ပြီး လုပ်ထုံး၊       လုပ်နည်းများနှင့် ညီညွတ်စေရန်အတွက်  ပွင့်ပွင့် လင်းလင်း ပါဝင်ဆွေးနွေးပေးကြ ရန် အမှာစကား ပြောကြား သည်။
ထို့နောက် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီ     အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့်   စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြိုင်က ယခင်အစိုးရ လက်ထက်အစည်း အဝေး၌    ဆွေးနွေးဆုံးဖြတ်ပြီး ဗဟိုကော်မတီသို့ တင်ပြခဲ့သည့် အမှုတွဲများအနက် တိုင်းရင်းသား ရေးရာဝန်ကြီးဌာနမှ       ချင်း ပြည်နယ်အစိုးရအဖွဲ့သို့ သဘော ထား တောင်းခံလာသည့် အမှုတွဲ လေးခု၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် ပြည်နယ်ကော်မတီသို့ လျှောက်ထားသည့် အမှုတွဲ တစ်ခု နှင့် အစိုးရက ခွင့်ပြုသော ဥပဒေ နှင့်ညီညွတ်သည့် အခြားလုပ်ငန်း များအတွက်      ဗဟိုကော်မတီသို့ လျှောက်ထားသည့် အမှုတွဲ လေးခု တို့ကို   အမှုတွဲတစ်ခုချင်းအလိုက်  ပါဝါပွိုင့်ဖြင့်    ရှင်းလင်း တင်ပြကာ        အစည်းအဝေး  တက်ရောက်လာ ကြသည့်    ကော်မတီဝင်များက  ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး လုံခြုံရေးနှင့်     နယ်စပ်ရေးရာ ဝန်ကြီး   ဗိုလ်မှူးကြီး   ဟန်ဝင်း အောင်၊ သယံဇာတရေးရာဝန်ကြီး    ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ် ရေး ဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးနှင့် တာဝန်ရှိသူများက       အကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က ဆွေးနွေးတင်ပြချက်များ အပေါ်   ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြည်နယ်    မြေလွတ်၊   မြေလပ် နှင့်       မြေရိုင်းများ        စီမံခန့်ခွဲရေး ကော်မတီတွင်      ပါဝင်သော ကော်မတီဝင်များ     အနေဖြင့် မြေလွတ်၊   မြေလပ်နှင့်   မြေရိုင်း ဥပဒေ၊  လုပ်ထုံး၊ လုပ်နည်းများကို သေသေချာချာ    လေ့လာစေလို ကြောင်း၊       ပြည်နယ်အဆင့် ဌာနဆိုင်ရာ    တာဝန်ရှိသူများ ကလည်း လေ့လာဖတ်ရှုနိုင်စေရန်      ပြည်နယ်လယ်ယာမြေ    စီမံခန့်ခွဲ ရေးနှင့်  စာရင်းအင်းဦးစီးဌာနမှ   စာအုပ်အဖြစ် ပြုလုပ်ပေးစေလို ကြောင်းနှင့်     ခရိုင်၊    မြို့နယ် လယ်ယာမြေ    စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိ သူများက   ဥပဒေ၊   လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ    တိတိ ကျကျ လိုက်နာဆောင်ရွက်စေလို ကြောင်းဖြင့်   ပြောကြားကြောင်း သိရသည်။ 
ခရိုင်(ပြန်/ဆက်)