ချင်းပြည်နယ်ဝန်ကြီးချုပ် ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 

ဟားခါး    နိုဝင်ဘာ     ၈


ချင်းပြည်နယ်  မသန်စွမ်းသူများ ၏  အခွင့်အရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း ( ၂/၂၀၂၃ ) အစည်းအဝေး ကို နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီခွဲက   ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံး    ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်းမဆောင်၌     ကျင်းပရာ ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ  ကော်မတီ ဥက္ကဋ္ဌ၊    ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊    ချင်း ပြည်နယ်    မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ  ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာ ဝန်ကြီး    ဦးကျော်စိုးဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ကြ သည်။ 


လုပ်ငန်းညှိနှိုင်း    အစည်း အဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် က  ချင်းပြည်နယ်    မသန်စွမ်းသူ များ၏     အခွင့်အရေးဆိုင်ရာ   ကော်မတီအနေဖြင့် ရေရှည်တွင် မဖြစ်မနေဆောင်ရွက်ရန် လိုအပ် သည့်   အရေးကြီးပြီး   အရေးပါ သည့်  လုပ်ငန်းစဉ်များကို   စိစစ် ရွေးချယ်    ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မသန်စွမ်းမှု အမျိုးအစား အလိုက်  မသန်စွမ်းသူ  လူဦးရေ စာရင်းနှင့်  မသန်စွမ်းဖြစ်ရခြင်း အကြောင်းရင်းများကိုပါ    အသေး စိတ်သိရှိမည်ဆိုပါက    လေ့ကျင့် ပေးမှုဖြင့်  တိုးတက်နိုင်ပြီး  မိမိ ခြေထောက်ပေါ်   မိမိပြန်လည် ရပ်တည်နိုင်မည့်အုပ်စုကို ရွေးထုတ်  ခြင်း  စသည့်မသန်စွမ်းသူများ၏   အခွင့်အရေးဆိုင်ရာ   လုပ်ငန်းများ ကို   ထိထိရောက်ရောက်   ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း   ပြော ကြားသည်။


ထို့နောက်     ပြည်နယ်လူမှု ရေးရာဝန်ကြီးနှင့်     ပြည်နယ်  လူမှုဝန်ထမ်းဦးစီးဌာန  ဦးစီးမှူး ဦးသူရထွေးတို့က ယခင် အစည်း အဝေး  ဆုံးဖြတ်ချက်များအပေါ်    အကောင်အထည်ဖော်  ဆောင် ရွက်နိုင်မှုအခြေအနေနှင့်    ဆက် လက်ဆောင်ရွက်ရမည့် အစီအမံ များကို        ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)