
ဟားခါး ဖေဖော်ဝါရီ ၁၇
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် ချင်း အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ဟားခါးခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အဆောက်အဦအသစ်ဖွင့်ပွဲ အခမ်း အနားကို ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၉ နာရီခွဲက ဟားခါးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆောက်အဦအသစ် ရှေ့၌ ကျင်းပသည်။
ဦးစွာ ဟားခါးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆောက် အဦအသစ် တည်ဆောက် ခြင်းနှင့် ပတ်သက်၍ အဆောက်အဦ တာဝန်ယူတည်ဆောက်နေသည့် Power Seven ကုမ္ပဏီတာခံ အင်ဂျင်နီယာက ရှင်းလင်းတင်ပြ သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ထို့နောက် ဟားခါးခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အဆောက်အဦအသစ်ကို ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်း ထန်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အခမ်းအနား တက်ရောက်လာကြသည့် ပြည် နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန တာဝန်ရှိသူများ၊ ယဉ်ကျေးမှုအက အဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆောက်အဦအသစ် ကဗ္ပည်း မော်ကွန်းကို ပြည်နယ်ဝန်ကြီး ချုပ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး ကဗ္ပည်းမော်ကွန်းကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာ ရည်များ ပက်ဖျန်း၍ ရုံးအဆောက် အဦအသစ်အား လှည့်လည် ကြည့်ရှုသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်သည် (၇၆) နှစ်မြောက် ချင်း အမျိုးသားနေ့အခမ်းအနား ကျင်းပ မည့်နေရာသို့သွားရောက်ပြီး ဌာန အလိုက် ပြခန်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ အခမ်းအနားစင်မြင့် တည်ဆောက်ထားရှိမှု အခြေအနေ နှင့် အခမ်းအနားအစီအစဉ်အလိုက် ဇာတ်တိုက်လေ့ကျင့်ထားရှိမှု အခြေ အနေများကို သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)