ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုမြင့်တက်လာသည့်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်လို

 

ဟားခါး   ဖေဖော်ဝါရီ   ၂၃


ချင်းပြည်နယ်      ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်     အရေးပေါ် တုံ့ပြန်ရေးကော်မတီ      လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်  ၁၀  နာရီက   ဟားခါးမြို့ ချင်းပြည်နယ်        အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌     ကျင်းပ ရာ     ချင်းပြည်နယ်     ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်     အရေးပေါ် တုံ့ပြန်ရေးကော်မတီ     ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်း အောင်က  ဟားခါးမြို့၊ ဖလမ်းမြို့ နှင့် တီးတိန်မြို့များတွင် ကိုဗစ်-၁၉  ပိုးတွေ့ရှိမှု   မြင့်တက်လာ သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း များ    ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် လိုကြောင်း၊ မြို့ဝင်မြို့ထွက်နေရာ များတွင် ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်၍ RDT Test kit ဖြင့်    ရောဂါရှာဖွေရေးလုပ်ငန်း များ တိုးမြှင့်ဆောင်ရွက်ရန်နှင့်  အသိပညာပေး   လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး ရန်လိုကြောင်း၊        ဟားခါးမြို့ တွင် အခြေခံပညာကျောင်းများ အမြန်ဆုံးဖွင့်လှစ်   ဆောင်ရွက် သွားရန်လိုကြောင်း၊ တက္ကသိုလ် ဝင် စာမေးပွဲ ကျင်းပမည့် စာစစ် ဌာနများကို လိုအပ်သည့် အစီအမံ များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ကြရန်လိုကြောင်း  ပြောကြား သည်။

 


ထို့နောက် ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်  ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ အောင်မြင့်ဦး က ချင်းပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများ   ဆောင်ရွက်မှု အခြေအနေ၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရန်     ကာကွယ်ဆေး လိုအပ်ချက်နှင့်   ကာကွယ်ဆေး အကြိမ်ပြည့်    ထိုးနှံပြီးစီးမှုနှင့် Booster    Dose    ထိုးနှံပြီးစီးမှု နှင့်       ဆက်လက်ထိုးနှံပေးရန် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိ သူများက အစိုးရစက်မှုလက်မှုသိပ္ပံ  (ဟားခါး) Quarantine စင်တာ တွင် ရေရရှိရေးကိစ္စ၊ ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်     ဆေးထိုးနှံပေးနေမှု နှင့် ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှု   အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက် တင်ပြချက်များ အပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး    ဗိုလ်မှူးကြီး   ဟန်ဝင်း အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး  ပြည်နယ်ရဲမှူးကြီး စိုးလွင်မိုး၊      ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရ အဖွဲ့   အတွင်းရေးမှူး  ဦးမောင် မောင်ဆန်းနှင့်   ဟားခါးတပ်နယ် မှ   ဗိုလ်မှူးကြီးစောထွန်းတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က  လိုအပ် ချက်များကို    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။

ခရိုင်(ပြန်/ဆက်)