ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဟားခါးမြို့၌ ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံမှုကို သွားရောက်ကြည့်ရှုအားပေး

 

ဟားခါး  ဇူလိုင်    ၃၁


ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှုဖြင့် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်သည့် ပြည်နယ်၊ ခရိုင်၊   မြို့နယ်ရှိ  နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်−၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီမှစ၍ ဟားခါးမြို့ မြို့တော်ခန်းမနှင့်    ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးတို့တွင်    ဆေးထိုးစုရပ်  နှစ်နေရာခွဲ၍  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 


သွားရောက်ကြည့်ရှုအားပေး


အဆိုပါ ကိုဗစ်−၁၉   ရောဂါ  ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို    ချင်းပြည်နယ်   ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊  ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့်    ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှုအားပေး ကြသည်။

 


ဆက်လက်ထိုးနှံပေးသွားမည်


ကိုဗစ်−၁၉ ကာကွယ်ဆေး    ထိုးနှံခြင်းကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ    ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်အထူးကု ဆရာဝန်များ၊ ဆေးမှူးများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ထိုးနှံပေးခဲ့ခြင်း ဖြစ်ပြီး ဆေးထိုးရန်ကျန်ရှိသည့် အမျိုးသားဝန်ထမ်း ၂၇၀၊ အမျိုးသမီးဝန်ထမ်း ၂၂၃ ဦး စုစုပေါင်း ၄၉၃ဦးကို ယနေ့မှစ၍   ဇူလိုင် ၃၀ ရက်အထိ    ဆက်လက်   ထိုးနှံပေးသွားမည်ဖြစ်ကြောင်း     သိရသည်။                                 

ခရိုင်(ပြန်/ဆက်)