ချင်းပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရေးနှင့်နွေရာသီသင်တန်းများ ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ဟားခါး    မတ်   ၆
သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာနှင့် နွေရာသီ သင်တန်းများ    ဖွင့်လှစ်နိုင်ရေးလုပ်ငန်း      ညှိနှိုင်း အစည်းအဝေးကို   မတ်  ၅  ရက်က   ဟားခါးမြို့  ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်    ဒေါက်တာ ဝုန်ဆွန်းထန်က ကျောင်းသား ကျောင်းသူများက နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချ နိုင်ရေးနှင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် ပါဝင်သော လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ် များ  အကောင်အထည်ဖော်     ဆောင်နိုင်ရေးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ၏ ရှေ့လုပ်ငန်းစဉ် ဖြစ်သော   ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏   အခွင့် အရေး နစ်နာမှုမရှိစေရေးအတွက် သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာသင်တန်း   ဖွင့်လှစ်နိုင်ရေး အတွက်    ပွင့်ပွင့်လင်းလင်း     ဆွေးနွေးတင်ပြစေ လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်   နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးတို့က နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း      သင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့်   ပတ်သက်၍    ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာန၊   ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ဟားခါး တက္ကသိုလ်၊ အစိုးရစက်မှုလက်မှု သင်တန်းကျောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန၊  အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊   ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန  စသည့် ပြည်နယ် ဦးစီးမှူးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တို့က နွေရာသီကျောင်းပိတ်ရက်အတွင်း ဆောင်ရွက် မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဝိုင်းဝန်း အကြံပြုဖြည့်စွက်    ဆွေးနွေးကြပြီး    ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များ  ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန် /ဆက်)