
နေပြည်တော် ဇွန် ၉
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ချင်းပြည်နယ် အတွင်း ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲ ကို ယနေ့နံနက်ပိုင်းတွင် ချင်း ပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး မင်းနိုင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် စေတနာရှင် အလှူရှင်များဖြစ်သည့် သူရဦးဘိုရီ (ခြူးနဂါးဆေးပေါ့လိပ်) မိသားစု က အလှူငွေကျပ်သိန်း ၂၀၀၊ ဦးအောင်မျိုးဟိန်းမိသားစုက အလှူ ငွေကျပ်သိန်း ၁၀၀၊ ဦးစိုးဝင်းထွန်း မိသားစုက အလှူငွေကျပ်သိန်း ၅၀၊ West Corporation Japan မှ အလှူငွေကျပ် သိန်း ၅၀၊ ဗိုလ် သင်တန်းအမှတ်စဉ်(၆၆)မှ အရာရှိ များက အလှူငွေကျပ်သိန်း ၄၀၊ ဦးသန့်ဇင် (သုခကမ္ဘာဆေးခန်း)မိသားစုက အလှူငွေကျပ် ၁၀ သိန်းနှင့် အခြားစေတနာရှင် အလှူရှင်များက အလှူငွေများနှင့် စားသောက်ကုန်ပစ္စည်းများအား ပေးအပ်လှူဒါန်းကြရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်း ထန်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့် တာဝန်ရှိသူများက လက်ခံ ရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်သည်။
အလားတူ ဒုတိယဗိုလ်ချုပ် ကြီး မင်းနိုင်နှင့်ဇနီး ဒေါ်ကေသွယ် မိသားစုက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ် ၄၅ သိန်းကို ပေးအပ် လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်