
ဟားခါး သြဂုတ် ၆
ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို သြဂုတ် ၄ ရက်က ဟားခါးမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံး၏ ၂၉−၁၂−၂၀၂၁ ရက် ရုံးမိန့်အမှတ် (၃၉/၂၀၂၁)ဖြင့် ချင်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် လုပ်ငန်း ဆပ်ကော်မတီရှစ်ခုအား ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း ကလေးအလုပ် သမားပပျောက်ရေးအတွက် ဒေသနှင့် ကိုက်ညီမှု ရှိသည့် ပြည်နယ်စီမံချက်နှင့် လုပ်ငန်းဆပ်ကော်မတီ တစ်ခုချင်းအလိုက် စီမံချက်များ ရေးဆွဲထားရှိပြီး ဖြစ်ကြောင်း၊ ခရိုင်၊မြို့နယ်အဆင့် ကလေးအလုပ် သမားပပျောက်ရေး လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နိုင်ရန် လျာထားပါကြောင်း၊ ထို့ကြောင့် ကလေး အလုပ်သမားပပျောက်ရေးအတွက် အဓိကအခန်း ကဏ္ဍမှ ပါဝင်နေသည့် အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးနိုင်ရန် ပြည်နယ်အတွင်း၌ အသေးစား စက်မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ စက်ရုံ၊အလုပ်ရုံများ ပိုမိုဖွင့်လှစ်နိုင်ရန် လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ကော်မတီ အတွင်းရေးမှူး ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေး မှူး ဦးဟုန်းကီးက ကလေးလုပ်သားအဓိပ္ပာယ် သတ်မှတ်ချက်၊ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ဆပ် ကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြီး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များက ကဏ္ဍအလိုက် ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေး၍ ဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ချက် ခုနစ်ရပ်ကို ချမှတ်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)