
နေပြည်တော် မေ ၁၁
ချင်းပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် ချင်းပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီး ချုပ် ဦးငွန်ဆန်းအောင်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် အစည်းအဝေး သို့ တက်ရောက်လာကြသူများက ချင်းပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် ဒုတိယတိုင်းမှူးတို့က လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်