ချင်းပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   မေ    ၄


ချင်းပြည်နယ်အတွင်း    ဆောင် ရွက်လျက်ရှိသည့်    ကိုဗစ် - ၁၉ ရောဂါ   ကာကွယ်၊    ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင်      ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးဝုန်ဆွန်း ထန်၊     အနောက်မြောက်တိုင်း စစ်ဌာနချုပ်     ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

 


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က  အဖွင့်အမှာစကား     ပြောကြား သည်။ ထို့နောက် ဒုတိယတိုင်းမှူး နှင့် အစည်းအဝေး တက်ရောက် လာကြသူများက     ပြည်နယ် အတွင်း    ဆောင်ရွက်နေသည့် ကိုဗစ်-၁၉   ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်  တုံ့ပြန်ရေးလုပ်ငန်းများနှင့်   ပတ် သက်၍ အသီးသီးဆွေးနွေးတင်ပြ ကြရာ  ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယတိုင်းမှူးတို့က    လိုအပ် သည်များ     ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။


သတင်းစဉ်