
နေပြည်တော် ဖေဖော်ဝါရီ ၉
ချင်းပြည်နယ် ထန်တလန်မြို့သို့ CNF အကြမ်းဖက်အဖွဲ့နှင့် CDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ မကြာခဏ ပစ်ခတ်မှု၊ ဝင်ရောက် မီးရှို့မှု စသည့်အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်မှုကြောင့် မြို့နေ ပြည်သူအချို့အနေဖြင့် မြို့မှ ယာယီတိမ်းရှောင်သွားခဲ့ရာ ကျန်ရှိသော မြို့ခံပြည်သူလူထု အချို့နှင့် ယာယီတိမ်းရှောင်နေ သူများ၏ အိုးအိမ်အဆောက်အဦ များကို မပျက်စီးစေရန် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့၏ တောင်ဘက်ရှိ လုံခြုံရေးတပ်စခန်း တို့ကို ဖေဖော်ဝါရီ ၈ ရက် ည ၁၀ နာရီမှ စတင်ကာ ယနေ့နံနက် ပိုင်းအထိ CDF အမည်ခံ အကြမ်း ဖက် သမားများက လက်နက် ကြီး၊ လက်နက်ငယ်များ အသုံး ပြု၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက် ခဲ့သည်။
ပူးပေါင်းဆောင်ရွက်နိုင်ခဲ့
မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ရွပ်ရွပ်ချွံချွံ ဖြင့် အပြင်းအထန် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သော်လည်း အကြမ်း ဖက်အဖွဲ့၏ သာလွန်အင်အားဖြင့် တိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရမှု များလာခြင်းတို့ကြောင့် ယနေ့နံနက် ၂ နာရီခန့်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ ဝင်များသည် လေကြောင်းပစ်ကူ နှင့် အမြောက်ပစ်ကူများ ရယူကာ စနစ်တကျဖြင့် ဆုတ်ခွာခဲ့ပြီး မြို့တောင်ဘက်ရှိ လုံခြုံရေး တပ်စခန်းသို့ အောင်မြင်စွာ သွားရောက်ပူးပေါင်းနိုင်ခဲ့သည်။
လက်နက်ငယ်အချို့ဆုံးရှုံးခဲ့
ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ် တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ပြုပြင်ရန် လိုအပ်သည့် လက်နက်ငယ်အချို့ ဆုံးရှုံးခဲ့ရသည်။ အဆိုပါမြို့နယ် ရဲစခန်းအား ပြန်လည်သိမ်းပိုက် နိုင်ရေးနှင့် မြို့လုံခြုံရေးအတွက် တပ်မတော် စစ်ကူစစ်ကြောင်း များက ယနေ့ညနေပိုင်းတွင် ထန်တလန်မြို့သို့ ရောက်ရှိစုဖွဲ့ လျက်ရှိပြီး ရဲတပ်ဖွဲ့မှူးစခန်းအား ပြန်လည် သိမ်းပိုက်နိုင်ရေးနှင့် ထန်တလန်မြို့အတွင်း အကြမ်း ဖက်မှု ချေမှုန်းရေး စစ်ဆင်မှု (Counter-Terrorism Opera-tion) အတွက် လိုအပ်သည်များ စီမံ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်