ချင်းပြည်နယ် MSME ချေးငွေစိစစ်ရေးကော်မတီအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

 

ဟားခါး     နိုဝင်ဘာ  ၁၆
ချင်းပြည်နယ် MSME ချေးငွေစိစစ်ရေးကော်မတီ   လုပ်ငန်းညှိနှိုင်းအစည်းအဝေး  (၁/၂၀၂၃)ကို နိုဝင်ဘာ ၁၄ ရက်က ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ချင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က  ယခုအစည်းအဝေးသည် ချင်းပြည်နယ် MSME ချေးငွေစိစစ်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ဖြစ်ကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့က ပေးပို့လာသည့်  အမိန့်ကြော်ငြာစာ (၂/၂၀၂၃)ပါ MSME ချေးငွေထုတ်ချေးခြင်း ဆိုင်ရာ  လုပ်ထုံးလုပ်နည်းအရ  သက်တမ်းရှိ MSME member card ကိုင်ဆောင်သူများ အနေဖြင့်  အလွန်သက်သာသည့် အတိုးနှုန်း ချေးငွေခံစားနိုင်မည်ဖြစ်သဖြင့်   အမျိုးသမီး များနှင့်  မသန်စွမ်းသူများအပါ    အကျုံးဝင် သောသူများ   လက်ငင်းအကျိုးခံစားစေလို သဖြင့်    ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း    ပြောကြားသည်။
ထို့နောက် ပြည်နယ် MSME ချေးငွေစိစစ် ရေးကော်မတီဥက္ကဋ္ဌ    ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးဟန်ကျင့်ဇမ်းက   MSME ချေးငွေ စိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် မူဝါဒလုပ်ထုံးလုပ်နည်းများကို ဆွေးနွေးတင်ပြ ပြီး ပြည်နယ် MSME ချေးငွေစိစစ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ ပြည်နယ်စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလာကျုံးနှင့် တက်ရောက်လာသည့် ကော်မတီ ဝင်များက ကဏ္ဍအလိုက်    ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြကြ သည်။
ဆွေးနွေးတင်ပြချက်များပေါ် တက်ရောက် လာသည့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြား ရေးမှူး  ဦးထွန်းသိန်းက   အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။    
ခရိုင်(ပြန်/ဆက်)