ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ဟားခါး    စက်တင်ဘာ   ၈
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   စက်တင်ဘာ  ၈ ရက်  နံနက် ၁၀ နာရီက ဟားခါးမြို့   ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌    ကျင်းပသည်။
 

ဖြေလျှော့ပေးနိုင်ရေး
အစည်းအဝေးတွင်     ပြည်နယ်   ကိုဗစ်−၁၉      ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ   ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က   အသက် ၆၅ နှစ်နှင့်  အထက်ရှိသူများနှင့် ဦးစားပေး အုပ်စုများအား ဒုတိယအကြိမ်    ကိုဗစ်−၁၉     ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ်   မြို့နယ်အလိုက်       ရာနှုန်းပြည့်ထိုးနှံနိုင်ရေး  ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊  ချင်းပြည်နယ်တွင်   ကိုဗစ်−၁၉ ရောဂါ    ကူးစက်မှုလျော့ကျလာသည့်အတွက်   ပြည်နယ် အတွင်း Stay at Home  မြို့နယ်အဖြစ်    သတ်မှတ် ထားသည့်    မြို့နယ်ငါးမြို့နယ်အား စက်တင်ဘာလ ကုန်တွင် Stay at Home မြို့နယ်များမှ ဖြေလျှော့ ပေးနိုင်ရေးအတွက် ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် လိုကြောင်း၊   ကိုဗစ်−၁၉ ရောဂါသံသယရှိသူများအား Test Kit ဖြင့်  အလွယ်တကူ စစ်ဆေးနိုင်ရေးအတွက် မြို့နယ်အားလုံးတွင်       စီစဉ်ဆောင်ရွက်ပေးလျက် ရှိပြီး ဟားခါးမြို့တွင်လည်း ပြည်သူ့ဆေးရုံ၊ အ.ထ.က (၂)၊ အထက (၃)နှင့်   နူးနူးခန်းမတွင်   စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားသည်။
အောက်ဆီဂျင်ရရှိသုံးစွဲမှု
ဆက်လက်၍    ဌာနဆိုင်ရာတာဝန်ရှိသူများက   ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊   ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၊ မြို့နယ်အလိုက် အသက် ၆၅  နှစ်နှင့် အထက်ရှိသူများနှင့် ဦးစားပေးအုပ်စုများအား ဒုတိယ အကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု၊ Test Kit ဖြင့် ကိုဗစ်−၁၉ ရောဂါ စစ်ဆေးပေးမှုအခြေ အနေနှင့် အောက်ဆီဂျင်ရရှိ၊ သုံးစွဲမှုနှင့်  သိုလှောင်ထားရှိမှုအခြေအနေများကို         ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် တင်ပြချက်များအပေါ်    ပြည်နယ် ဝန်ကြီးများက အကြံပြုဖြည့်စွက်   ဆွေးနွေးကြပြီး   ပြည်နယ်ဝန်ကြီးချုပ်နှင့်    အနောက်မြောက်တိုင်း  စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ် လှိုင်တို့က       ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က      နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။ 
ပြည်နယ် 
(ပြန်/ဆက်)