ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ဟားခါး   ဇူလိုင်   ၃၀


ချင်းပြည်နယ်       ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ    လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၈ ရက် က    ဟားခါးမြို့     ပြည်နယ်စီမံ   အုပ်ချုပ်ရေး ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်   တက် ရောက်လာကြသည့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက   ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊   သေဆုံးမှုနှင့် ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများ  ဆောင်ရွက်မှု အခြေ အနေများ၊   ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရေးအတွက်   ဆောင် ရွက်ပြီးစီးမှုများကို    ရှင်းလင်း တင်ပြကြရာ    တင်ပြချက်များ အပေါ်   ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ          အတွင်းရေးမှူး   ဦးမောင်မောင်ဆန်းနှင့်    ပြည်နယ်   စီမံ       အုပ်ချုပ်ရေးကောင်စီဝင်များ က         ဖြည့်စွက်ဆွေးနွေးကြ   သည်။

 


ထို့နောက်         ပြည်နယ်  ကိုဗစ်-၁၉       ထိန်းချုပ်ရေးနှင့်    အရေးပေါ်တုံ့ပြန်ရေး    ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ     ဦးငွန်ဆန်း အောင်နှင့်    အနောက်မြောက်တိုင်း စစ်ဌာနချုပ်          ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်     မျိုးထွဋ်လှိုင်တို့က   တင်ပြချက်များအပေါ်   ပေါင်းစပ် ညှိနှိုင်းပေးပြီး         ပြည်နယ်စီမံ အုပ်ချုပ်ရေး        ကောင်စီဥက္ကဋ္ဌက   နိုင်ငံ့ဝန်ထမ်းများကို    ကိုဗစ်-၁၉    ကာကွယ်ဆေးထိုးနှံမည့်    အစီ အစဉ်တွင် ကျန်ရှိသည့်    ဝန်ထမ်း များအား ဇူလိုင် ၂၉ နှင့် ၃၀ ရက် တို့တွင်              ဟားခါးမြို့နှင့်    ထန်တလန်မြို့တို့တွင်       ထိုးနှံပေး မည်ဖြစ်ကြောင်း၊    ကာကွယ်ဆေး များ    ထပ်မံရောက်ရှိလာပါက    သတ်မှတ်ထားသည့်     နယ်ပယ် အလိုက် ဦးစားပေး အဆင့်အတိုင်း    ထိုးနှံပေးမည်          ဖြစ်ကြောင်း၊    ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထောက်ပံ့သည့်       ဆေး ပစ္စည်းများကို သက်ဆိုင်ရာမြို့နယ် များ သို့       အမြန်ခွဲဝေပေးရန်နှင့်  ကိုဗစ်-၁၉ ကာကွယ်၊   ထိန်းချုပ်၊ ကုသရေး          လုပ်ငန်းများတွင်  စေတနာ့ ဝန်ထမ်းနှင့် ကြက်ခြေနီ အဖွဲ့များနှင့်   ပူးပေါင်းဆောင်ရွက် ကြရန်   မှာကြားကြောင်း   သိရ သည်။             


ခရိုင် (ပြန်/ဆက်)