
ဟားခါး သြဂုတ် ၁၈
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ၁၆−၈−၂၀၂၁ ရက်နေ့တွင် ကျင်းပသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်း အဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များကို ထပ်ဆင့်ရှင်းလင်းပြီး ကိုဗစ်−၁၉ ကူးစက်ခံရသူအချို့ သည် ဆေးရုံများသို့ မသွားရောက် ဘဲ မိမိနေအိမ်အတွင်း၌ပင် ကျိတ်၍ ကုသမှုများကြောင့် ကူးစက်မှုများသည့်အတွက် မိမိ နေအိမ်တွင် ကုသမှုမလုပ်ဘဲ သက်ဆိုင်ရာ ဆေးရုံများသို့ ပြသ လာစေရေး တာဝန်ရှိသူများက စိစစ်ကြပ်မတ်ရန် လိုကြောင်း၊ ဟားခါးမြို့နှင့် မတူပီမြို့များတွင် Oxygen Plant များ ယခုလ အတွင်း ရောက်ရှိမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ မြေပြိုနိုင်သည့် နေရာ၊ လမ်းသားပဲ့ကျတတ်သည့် နေရာများတွင် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာ ကြသည့် ဌာနဆိုင်ရာတာဝန်ရှိ သူများက ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြကြသည်။ တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည် နယ်ဝန်ကြီးချုပ်နှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် တို့က ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)