ချင်းပြည်နယ် ဟားခါးမြို့၌ ၂၀၂၂ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

 

ဟားခါး   မေ   ၂၈


ချင်းပြည်နယ်    အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့်          ပြည်နယ် သစ်တော ဦးစီးဌာနမှ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလူထုလှုပ်ရှားမှုအဖြစ်    ၂၀၂၂ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်း တွင်   ဟားခါးတက္ကသိုလ်ဝင်း အတွင်း   ကျင်းပရာ  ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က  သဘာဝပတ်ဝန်းကျင်  စိမ်းလန်း စိုပြည်လာစေရန်၊ ရာသီဥတုမျှတ ကောင်းမွန်လာစေရန်၊   သဘာဝ ဘေးအန္တရာယ်များ    ဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်း၊  လေထု ညစ်ညမ်းခြင်း    စသည်များကို ကာကွယ်နိုင်စေရန်နှင့်  သစ်တော သစ်ပင်များကို   ပိုမိုတန်ဖိုးထား ချစ်ခင်မြတ်နိုးလာ     စေရန်တို့ အတွက်    ရည်ရွယ်ပြီး   ယခုလို မိုးရာသီအကြို  သစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပရခြင်းဖြစ်ကြောင်း၊ “ ရှင်အောင် စိုက်ပျိုး၊ ကြီးအောင် ပြုစု၊   မြဲအောင်ထိန်းသိမ်း”   ဆို သည့်အတိုင်း  သစ်တော၊ သစ်ပင် များ  ထာဝစဉ်ရှင်သန်  တည်မြဲစေ ရန်နှင့် သစ်တော၊ သစ်ပင်များ၏ အကျိုးကျေးဇူးကို      သားစဉ် မြေးဆက်  ခံစားစေရန်အတွက် အမျိုးသားတာဝန်       တစ်ရပ် အနေဖြင့်  ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်   စိုက်ပျိုးပြုစု ထိန်းသိမ်းကြရန်   တိုက်တွန်း ကြောင်းဖြင့်       အမှာစကား ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ် မျိုးထွဋ်လှိုင်တို့က ပျိုးပင်များ ပေးအပ်ရာ   ဟားခါးတက္ကသိုလ် တာဝန်ခံ      ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက   လက်ခံရယူ ကြပြီး    ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊  အနောက် မြောက်တိုင်းစစ်ဌာနချုပ်   ဒုတိယ တိုင်းမှူးနှင့် စစ်ဗျူဟာမှူးတို့က သတ်မှတ်နေရာများတွင်  တောင် ဇလပ်နီ၊     တောင်ဇလပ်ဖြူ၊ ရှားနက်၊ ဒေသချယ်ရီ၊ ခါတော်မှီ၊ ရေသင်းဝင်နှင့် စိန်ပန်းပင်များကို  စတင်စိုက်ပျိုးပေးခဲ့ကြသည်။

 


ဆက်လက်၍       ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဌာနဆိုင်ရာများ၏သစ်ပင်စိုက်ပျိုးနေမှုများကို  လှည့်လည် ကြည့်ရှုအားပေးကာ   သစ်ပင် စိုက်ပွဲ  အထိမ်းအမှတ်  စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။ 

 


ယနေ့           ကျင်းပသည့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ တော်တွင် ချယ်ရီ ၇၂၅ ပင်၊ စိန်ပန်း ပြာပင်  ၉၀၊  ရှားနက်  ၃၉ ပင်၊ ရေသင်းဝင် ၄၆ ပင်၊ ခါတော်မှီ ၂၉ ပင်၊   တောင်ဇလပ်နီ  ၆၆  ပင်၊ တောင်ဇလပ်ပြာ ငါးပင် စုစုပေါင်း အပင် ၁၀၀၀  စိုက်ပျိုးခဲ့ကြောင်း သိရသည်။          
 

ခရိုင် (ပြန်/ဆက်)