ခံစစ်အားနည်းသည့် မန်ယူနှင့် တိုက်စစ်ထက်မြက်သော မန်စီးတီးတို့ တွေ့ဆုံသည့် ပရီမီယာလိဂ် ပွဲစဉ် (၁၀)

 

အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီမီယာလိဂ်ပွဲစဉ် (၁၀) မှာ မန်ယူနဲ့ မန်စီးတီး ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ်ပါဝင်သလို ရလဒ်ကောင်းရရှိနေတဲ့ အာဆင်နယ် က ယခုနှစ်ရာသီမှာ လိဂ်နိုင်ပွဲမရရှိသေးတဲ့ ရှက်ဖီးလ်၊ နောက်ဆုံး    သုံးပွဲဆက်        နိုင်ပွဲပျောက်ဆုံးနေတဲ့ ဝက်စ်ဟမ်းက  ခြေစွမ်းကျဆင်းနေတဲ့  အဲဗာတန် စတဲ့အသင်းတွေ တွေ့ဆုံနေတာကြောင့်    စိတ်ဝင် စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။


၂၀၂၃-၂၀၂၄  ရာသီ  ပရီမီယာလိဂ်ပြိုင်ပွဲတွေကို    စတင်လာတာ အခုဆိုရင် ပွဲစဉ်  (၁၀)  အထိ ရောက်ရှိ လာခဲ့ပြီ    ဖြစ်ပါတယ်။   ပွဲစဉ်   (၉)    အပြီးမှာတော့ အမှတ်ပေးဇယားကို စပါးအသင်း က ရမှတ် ၂၃ မှတ်နဲ့ ဦးဆောင်ထား ပါတယ်။ 


ချယ်ဆီးနဲ့ ဘရန့်ဖို့ဒ်


စနေနေ့ည ၆ နာရီမှာ ချယ်ဆီး နဲ့ ဘရန့်ဖို့ဒ်အသင်းပွဲစဉ်ကို စတင် ယှဉ်ပြိုင်ကစားသွားမှာ     ဖြစ်ပါ တယ်။ ချယ်ဆီးအသင်းရဲ့ ခြေစွမ်း တက်လာတယ်ဆိုပေမယ့် မာကျော ကျစ်လျစ်မှုမရှိသေးဘူး။ ပြိုင်ဘက်     ဘရန့်ဖို့ဒ်ကလည်း    နောက်ဆုံး ငါးပွဲမှာ တစ်ပွဲသာ နိုင်ပွဲရရှိအောင် စွမ်းဆောင်    ထားနိုင်တာကြောင့် ခြေစွမ်းတည်ငြိမ်မှုရှိဘူး။  နှစ်သင်း ကြား   ရမှတ်ကွာဟမှုကလည်း နှစ်မှတ်သာရှိတာကြောင့် တိုက်စစ် ပိုင်း အဆုံးသတ်ပိုင်း သေချာတဲ့ အသင်း နိုင်ပွဲရရှိသွားဖွယ်ရှိတယ်။ 


ဘုန်းမောက်နဲ့ ဘန်လေ


တန်းဆင်းဇုန်အသင်း အချင်း ချင်း   တွေ့ဆုံတဲ့     ပွဲစဉ်ဖြစ်တာ ကြောင့်      ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ        ဖြစ်လာမှာ သေချာပါတယ်။    နှစ်သင်းကြား ရမှတ်ကွာဟမှုကလည်း တစ်မှတ် သာရှိတာကြောင့်     ပြိုင်ဆိုင်မှု ပြင်းထန်လာမှာ သေချာပါတယ်။ ဘန်လေအသင်းက ဘုန်းမောက် အသင်းထက် အသင်းစွမ်းဆောင် ရည်ပိုင်း   ထက်မြက်မှုရှိတယ်လို့ ဆိုနိုင်ပေမယ့်    ပြိုင်ဘက်အသင်း တရစပ်    ဖိအားပေးတိုက်စစ်ဆင်  လာတဲ့အခါ   ပုံစံကောင်း  ပျောက် ဆုံးသွားတတ်တယ်။   ဒါကြောင့် ဘုန်းမောက်အသင်း ရုန်းအားကို ကြည့်ရမယ်။    အဆိုပါ    ပွဲစဉ်ကို ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစား သွားမှာ ဖြစ်ပါတယ်။ 


အာဆင်နယ်နဲ့ ရှက်ဖီးလ်


အမှတ်ပေးဇယားဦးဆောင်ဖို့  ကြိုးစားလာမယ့်    အာဆင်နယ်  အသင်းကို ဒီရာသီပထမဆုံးလိဂ် နိုင်ပွဲရှာတွေ့ဖို့ ကြိုးစားလာမယ့် ရှက်ဖီးလ်အသင်း       ဟန့်တားဖို့ ခက်မယ်။ ဒါ့အပြင် အာဆင်နယ်က  ဒီရာသီမှာ    တိုက်စစ်၊       ခံစစ် အကောင်းဆုံးအသင်းထဲမှာ ပါပြီး ရှက်ဖီးလ်က တိုက်စစ်၊ ခံစစ်အဆိုး ရွားဆုံးအသင်းထဲမှာ ပါဝင်နေတာ ကြောင့်လည်း    အာဆင်နယ်ကို ကျော်ဖြတ်ဖို့ မလွယ်ကူတဲ့ အခြေ အနေမှာရှိနေတာ  ဖြစ်ပါတယ်။ ရှက်ဖီးလ်အနေနဲ့ အမြင့်ဆုံးသရေ သာ    ရဖွယ်ရှိတယ်။     ဒီပွဲစဉ်ကို လည်း  ည ၈ နာရီခွဲမှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။


ဝုဖ်နဲ့ နယူးကာဆယ်


စနေနေ့ ည ၁၁ နာရီမှာတော့ ကစားရခက်တဲ့ ဝုဖ်နဲ့ ပုံစံကောင်း ရရှိနေတဲ့ နယူးကာဆယ်အသင်း တို့     ယှဉ်ပြိုင်ကစားသွားမှာဖြစ် ပါတယ်။ နယူးကာဆယ်အသင်းက ဒီရာသီပရီမီယာလိဂ်မှာ    လက်ရှိ အချိန်အထိ   သွင်းဂိုး  ၂၄   ဂိုးနဲ့ တိုက်စစ် အထက်မြက်ဆုံးအသင်း အဖြစ်   ရပ်တည်နေတယ်။   ဝုဖ် အသင်းရဲ့  ခြေစွမ်းက  သာမန်သာ ရှိတယ်ဆိုပေမယ့် နယူးကာဆယ် အသင်း အဆုံးသတ်ပိုင်း အားနည်း ပြီး    သာမန်အောက်     ခြေစွမ်း ကျဆင်းခဲ့ရင် ပေးဆပ်မှု ကြီးမား သွားနိုင်တယ်။ 


အက်စ်တွန်ဗီလာနဲ့ လူတန်


ဒီပွဲစဉ်ကို   တနင်္ဂနွေနေ့   ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားသွား မှာပါ။ နှစ်သင်းကြားခြေစွမ်းကွာဟ မှု ကြီးကြီးမားမားရှိပြီး အက်စ်တွန် ဗီလာအသင်းက လူတန်အသင်း ထက် ဘက်စုံထောင့်စုံမှာ သာလွန် မှုရှိတယ်။ ဒါ‌ပေမယ့်  နောက်ဆုံး နှစ်ကြိမ်  ထိပ်တိုက်တွေ့ဆုံမှုမှာ တော့ လူတန်အသင်းက   ဂိုးပြတ် အနိုင်ရထားတယ်။ 


မန်ယူနဲ့ မန်စီးတီး


မန်ယူနဲ့     မန်စီးတီးအသင်း ပွဲစဉ်က ယခုတစ်ပတ်မှာ အကောင်း ဆုံး   ပွဲစဉ်အဖြစ်     ရှိနေတယ်။ ဒီနှစ်သင်းကြားမှာတော့  ခြေစွမ်း အရရော၊ ရမှတ်ကွာဟမှုအရရော၊ အသင်း စွမ်းဆောင်ရည်ပိုင်းအရ ရော    ကြီးကြီးမားမားရှိတယ်။ မန်ယူအသင်းက သွင်းဂိုးတစ်ဂိုး ရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရလေ့ ရှိပြီး ပြိုင်ဘက်ရဲ့ သွင်းဂိုးတွေကို တော့ ခံစစ်နဲ့ ဂိုးသမားတို့ အမှား မှတစ်ဆင့် လွယ်လွယ်ကူကူပေး နေရတာ  တွေ့ရတယ်။ ဒါကြောင့် မန်ယူအသင်းအနေနဲ့ အဲဒီချို့ယွင်း ချက်၊     အားနည်းချက်တွေကို ဒီပွဲစဉ်မှာ အချိန်မီ မပြင်ဆင်နိုင် ခဲ့ရင်    ရှုံးပွဲ     ကြုံတွေ့သွားဖွယ် ရှိတယ်။  ဒီပွဲစဉ်ကို တနင်္ဂနွေနေ့  ည  ၁၀  နာရီမှာ  ယှဉ်ပြိုင်ကစား သွားမှာပါ။    

                
  မိုးဇက်