ခါမ်းပါတ်မြို့အတွင်းရှိ ဆောင်းသီးနှံ နေကြာစိုက်ခင်းများ စတင်ရိတ်သိမ်း

 

ခါမ်းပါတ်  ဧပြီ  ၂၄


စစ်ကိုင်းတိုင်းဒေသကြီး   တမူးခရိုင်  ခါမ်းပါတ် မြို့အတွင်းရှိ    ဒေသခံတောင်သူအများစုတို့ စိုက်ပျိုးလုပ်ကိုင်ကြသည့်       ဆောင်းသီးနှံ နေကြာစိုက်ခင်းများ  စတင်ရိတ်သိမ်းနေကြပြီ ဖြစ်သည်။

 

 ခါမ်းပါတ်မြို့အတွင်း ရှိ      ဒေသခံတောင်သူအများစုအနေဖြင့်   ဆောင်းသီးနှံများ  စိုက်ပျိုးရာတွင် နေကြာကို  အဓိကထား   စိုက်ပျိုးကြပြီး  အခြားသီးနှံများ ဖြစ်သည့်   မုန်ညင်း၊   ပဲမျိုးစုံနှင့် စားဖို ဆောင်သီးနှံများကိုလည်း      တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

  
ထိုသို့  ဆောင်းသီးနှံများစိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပြီး  အကျိုးအမြတ်ပိုမိုဖြစ် ထွန်းသည့်နေကြာကို  အဓိကထား   စိုက်ပျိုးကြ သည်။   နေကြာရိတ်သိမ်းခအဖြစ်  လုပ်သား တစ်ဦးလျှင်   တစ်မနက်  ငွေကျပ်   ၃၀၀၀ ပေးရပြီး  လက်ရှိတွင်မူ  နေကြာတစ်တင်းလျှင်  ငွေကျပ် ၂၂၅၀၀ ခန့်  ဈေးရရှိနေသည်။  ဒေသခံ တို့အနေဖြင့် နေကြာမျိုးများ  ရွေးချယ်ရာတွင်       မိမိတို့ဒေသမျိုးများကို  စနစ်တကျ   ရွေးချယ် သိုမှီးထားကြသည်များရှိသလို      မျိုးစေ့ထုပ်များ ကိုလည်း   ဝယ်ယူစိုက်ပျိုးကြကြောင်း   သိရ သည်။                   
 

ဝိဇ္ဇာမောင်