
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၁၈ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့်ကျော် ၂ ရက်
( ၂၀၂၃ ခုနှစ် ၊ မေလ ၅ ရက် )
ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အကွက် (၁)၊ ဆင်ကူးလမ်း၊ အမှတ် (၁၁၄)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထား ရှိသော ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ ( ၁၃ ) ဖြစ်ပါသည်။
(ပုံ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်