
ဆန်တီယာဂို နိုဝင်ဘာ ၇
ချီလီနိုင်ငံတောင်ပိုင်း ဘီအိုဘီအိုဒေသ ကော်ရို နယ်မြို့ရှိ စခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၁၄ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများတွင် အရွယ် ရောက်သူ ရှစ်ဦးနှင့် ကလေးငယ် ခြောက်ဦး ပါဝင် ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၆ ရက်က ပြောသည်။
မီးလောင်မှုတွင် မိသားစုသုံးစုပါဝင်ခဲ့ကြောင်းနှင့် ၁၄ ဦး သေဆုံးခဲ့ကြောင်း ကော်ရိုနယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဂျာဗီယာဗယ်လန်စီယာက ပြော သည်။
ကနဦးသတင်းဖော်ပြချက်များတွင် မီးလောင်မှု သည် ဘူးခွံများ၊ ခရီးဆောင်စင်များဖြင့် အလွယ် ဆောက်ထားသည့် စခန်းတွင်းရှိ အပေါ့စား အိမ် တစ်လုံးမှ စတင်လောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
တရားဝင်ဖော်ပြချက်တွင် မီးသည် အဆိုပါ အပေါ့စားအိမ်ကို လောင်ကျွမ်းခဲ့ပြီးနောက် ဘေးသို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း ဖော်ပြထား သည်။
အဆိုပါစခန်းတွင် နေထိုင်သူများ မကြာသေးမီ က များပြားလာခဲ့ကြောင်းလည်း ဒုတိယ အုပ်ချုပ် ရေးမှူးက ဆက်လက်ပြောကြားခဲ့သည်။
ဆင်ဟွာ