ခေတ်အဆက်ဆက်တွင် MRTV ၏ ဝန်ထမ်းများက တာဝန်ကျေပွန်ခဲ့ကြသကဲ့သို့ ဝန်ထမ်းသစ်များအနေဖြင့် သမိုင်းပေးတာဝန်များကို လက်ဆင့်ကမ်းရယူပြီး ရေရှည်တည်တံ့အောင်မြင်သော ဂုဏ်သိက္ခာရှိသည့်ဌာနကြီးအဖြစ် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန် ကြိုးပမ်းဆောင်ရွက်

နေပြည်တော်   မတ်   ၂၈


ပြန်ကြားရေးဝန်ကြီးဌာန    မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းသစ်များ ကြိုဆိုပွဲနှင့်  စွမ်းရည် မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်  ၁၀ နာရီတွင် နေပြည်တော်   တပ်ကုန်းမြို့ရှိ   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည်။


တက်ရောက်


အခမ်းအနားသို့     ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ အရာထမ်း၊ အမှုထမ်းများ နှင့် ဝန်ထမ်းသစ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ   မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား ဝန်ထမ်းများက   MRTV နှင့်   ကောင်းသောနေ့  တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက အမှာစကားပြောကြားရာတွင်  မြန်မာ့အသံ နှင့်   ရုပ်မြင်သံကြားအနေဖြင့်    ပြောင်းလဲတိုးတက် နေသော  နည်းပညာ၊  အတတ်ပညာများနှင့်အညီ စီစဉ်တင်ဆက်လျက်ရှိသည့် သတင်းနှင့် အစီအစဉ် များ အရည်အသွေးပိုမိုကောင်းမွန်စေရန်၊ Content ပိုင်းဆိုင်ရာ အသစ်အသစ်များ ဖန်တီးထုတ်လုပ်နိုင်ရန် အတွက်   ဝန်ထမ်းအင်အားများ   ပြည့်မီအောင် ဖြည့်တင်းရေးနှင့် ဝန်ထမ်းသစ်များ စွမ်းဆောင်ရည် မြှင့်တင်ရေးကို   အလေးပေးဆောင်ရွက်လျက်ရှိ ကြောင်း၊  MRTV ၏ လုပ်ငန်းစဉ်များသည် တစ်ဦး တစ်ယောက်၊ တစ်ဖွဲ့တည်းနှင့် လုပ်ဆောင်၍မရဘဲ  အားလုံးပူးပေါင်းလုပ်ဆောင်မှုနှင့်သာ  အကောင် အထည်ဖော်ဆောင်ရွက်ရသည်ကို  တွေ့မြင်ရမည် ဖြစ်ကြောင်း။


ဝန်ထမ်းသစ်များအနေဖြင့်       ဝန်ထမ်းတစ်ဦး လိုက်နာရမည့်  ကျင့်ဝတ်နှင့်   စည်းမျဉ်းစည်းကမ်း များကို      လိုက်နာစောင့်ထိန်းကြရန်လိုအပ်ပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူရင်း စွမ်းဆောင်ရည် ပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစား ကြရန် တိုက်တွန်းလိုကြောင်း၊ ခေတ်အဆက်ဆက်တွင် MRTV ၏  ဝန်ထမ်းများက  တာဝန်ကျေပွန်ခဲ့ကြသကဲ့သို့     မျိုးဆက်သစ်ဝန်ထမ်းများဖြစ်သည့် ဝန်ထမ်းသစ်များ အနေဖြင့်လည်း သမိုင်းပေးတာဝန်များကို လက်ဆင့် ကမ်း    ရယူပြီး      ရေရှည်တည်တံ့အောင်မြင်သော  ဂုဏ်သိက္ခာရှိသည့် ဌာနကြီးအဖြစ် ဆက်လက်ရှင်သန်  ရပ်တည်နိုင်ရန်     ကြိုးပမ်းဆောင်ရွက်ပေးကြစေ လိုကြောင်း။


နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ          နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားကို တန်ဖိုးထားပါကြောင်း၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (၇၅)နှစ်မြောက် စိန်ရတုနေ့ အခမ်းအနားသို့ ဝန်ကြီးချုပ်ကိုယ်တိုင်  တက်ရောက် ချီးမြှင့်ခဲ့ပြီး နိုင်ငံတော်အတွက် ထာဝရတည်ရှိနေမည့်  နိုင်ငံတော်က အားထားရသော၊ ပြည်သူက အားကိုး ရသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဖြစ်စေရန်  လမ်းညွှန်မှာကြားခဲ့ကြောင်း။
ဆန္ဒပြု


မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  ရေခံမြေခံ ကောင်းမွန်မှုနှင့်အတူ ဝန်ထမ်းသစ်များ၏ ခွန်အား သစ်များ၊ ကြိုးစားဆောင်ရွက်မှုများဖြင့် ဝန်ထမ်းသစ် များ၏ ဘဝများလည်း တိုးတက်ပါစေ၊  MRTV လည်း (၇၆)နှစ်မြောက်မှသည်  ရာစုနှစ်ပေါင်းများစွာအထိ အောင်မြင်မှုများနှင့်   ဆက်လက်လျှောက်လှမ်း နိုင်ပါစေ၊  ပြည်သူ့အကျိုးပြု  ဝန်ဆောင်မှုလုပ်ငန်း များကိုလည်း ဆက်လက်ပေးစွမ်းနိုင်ပါစေဟု ဆန္ဒပြု ပါကြောင်း ပြောကြားသည်။


ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  ဝန်ထမ်းများက သီချင်းများပေါင်းစပ်  တစ်ခန်းရပ် ပြဇာတ်  တေးသရုပ်ဖော်ဖြင့်   ဖျော်ဖြေတင်ဆက် ကြသည်။  ယင်းနောက် မြန်မာ့အသံနှင့်  ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က  ဝန်ထမ်း သစ်များအတွက် ရုံးဝတ်စုံ လုံချည်များ ပေးအပ်သည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “ရှင်သန်နေမည် MRTV” တေးသီချင်း ဖြင့်    ဖျော်ဖြေတင်ဆက်သည်။    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းသား  သင်တန်းသူများနှင့်အတူ   မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးသည်။


မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား ဝန်ထမ်းသစ် များ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို မတ်  ၂၈ ရက်မှ ဧပြီ  ၁  ရက်အထိ   ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ ရုပ်သံကျွမ်းကျင် (၂)၊ အသံလွှင့်ကျွမ်းကျင် (၂)၊ အနုပညာရှင် (၂)၊ အငယ်တန်းအင်ဂျင်နီယာ (၂)၊ ရုပ်သံကျွမ်းကျင် (၄)၊ စက်မှုကျွမ်းကျင် (၄)၊ အငယ် တန်းစာရေးနှင့်  နေ့စားဝန်ထမ်း စုစုပေါင်း  ၂၈၄ ဦး   တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းတွင် ဝန်ထမ်းများ  လိုက်နာစောင့်ထိန်းရမည့်   ကျင့်ဝတ်နှင့် စည်းကမ်း၊ ဌာနခွဲများအလိုက် လုပ်ငန်းတာဝန်များ  ခွဲခြား လုပ်ဆောင်မှုများကို   သိရှိနိုင်ရန်   ပြည်ထောင်စု ရာထူးဝန်အဖွဲ့များမှ ဆရာ  ဆရာမများနှင့် ဌာနမှ အရာထမ်းများက သင်ကြားပို့ချပေးကြမည်ဖြစ်သည်။   


ယင်းနောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းသစ် များနှင့်အတူ Office Canteen တွင်  နေ့လယ်စာကို  အတူတကွ  သုံးဆောင်ကြသည်။
ထို့နောက်     ပြည်ထောင်စုဝန်ကြီးသည် မဟာသင်္ကြန်တွင်  နေပြည်တော်ရှိ    မဏ္ဍပ်များ၌ လှည့်လည်သီဆိုကပြဖျော်ဖြေကြမည့် ပြန်ကြားရေး ဝန်ကြီးဌာန ကိုယ်စားပြု  မြန်မာ့အသံနှင့်  ရုပ်မြင် သံကြားမှ ဝန်ထမ်းများ၏ သင်္ကြန်ယိမ်းအကများ ကြိုတင်ပြင်ဆင် လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့များအလိုက် ဆုငွေများပေးအပ်သည်။ 


ယင်းနောက်  MRTV   DTH  စနစ်အတွက် စက်ပစ္စည်းများ        ပြင်ဆင်ဆောင်ရွက်နေမှုကို လည်းကောင်း၊    ပင်မအဆောက်အအုံအတွက်  လေအေးပေးစနစ်        တပ်ဆင်ပေးဝေမှုများ  စဉ်ဆက်မပြတ်    ကောင်းမွန်နေစေရေးအတွက် အဆင့်လိုက် ပြုပြင်ဆောင်ရွက်မည့်အခြေအနေကို   လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏    နေ့ကလေးထိန်းကျောင်းသို့    ရောက်ရှိပြီး ဝန်ထမ်းများ၏  သားသမီးများအတွက်    စီစဉ် ဆောင်ရွက်ပေးနေမှုများကို   ကြည့်ရှုစစ်ဆေးကာ ကလေးများအတွက် သင်္ကြန်ရေပက်ကစားစရာအရုပ် များ ပေးအပ်ခဲ့သည်။                          သတင်းစဉ်